ရည်မှန်းချက်ကြီးကြီးနဲ့ အသံမကြားစေဘို့ နားအာရုံပိတ် ကြိုတ်လိုက်မယ်ပ ဒို့ကခေဘူး
I have great ambitous, I closed my ear sense doors and I must emphasize on my study, oneday I will become a porwee
ကျမဟာ ဒီနေ့ ခရစ်စမတ်နေ့မှာ ကျောင်းတော်ရာဆိုတဲ့ မြတ်စွာဘုရား (၇)ရက်တိုင် သီတင်းသုံးရာ ပွင့်ဖြူမြို့နယ်ကိုသွားရောက်ခဲ့ပါတယ်။ အချိန်တော်တော်များများဟာ ကားပေါ်မှာတင်ကုန်ဆုံးသွားပြီး ကျောင်းတော်ရာမှာတကယ်တန်းအလုပ်လုပ်ရတဲ့အချိန်ဟာ သိပ်နည်းခဲ့ပါတယ်။ ကျမသွားခြင်တယ်ဆိုလို့ ကျမသူငယ်ချင်း ဒေါ်ခင်မြင့်ကြည်က သူ့ကားနဲ့ ဆီအကုန်ခံ ပြီး လိုက်ပို့ပေးတာပါရှင်။ အပြန်မှာတော့ ကျမကတနေရာဝင်ဘို့ ထပ်တောင်းဆိုပါတယ်။ ဒါကတော့ ရွှေဂူကျောင်းကို ၀င်ဘို့ပါဘဲ။ အဲဒီမှာ ကိုရင်လေးတွေ အိပ်နေတာကို ဓါတ်ပုံရိုက်တင်ခြင်တယ် ဆိုလို့ ကျမဆန္ဒအတိုင်း ဖြေ့ပေးခဲ့တာပါ။ ဓါတ်ပုံကို ဒေါ်တင်တင်မာက ညမို့ ကျမမျက်လုံးကောင်းကောင်းမမြင်လို့ ကျမလိုခြင်သလို ရိုက်ပေးခဲ့ပါတယ်ရှင်။
မနက်ဖန် ကျမ ရေဆင်းကိုပြန်ရတော့မှာမို့ ကျမချစ်သော ကိုရင်လေးများ၊ မိဘများနဲ့ခွဲနေရပြီး ရောက်ရာ အရပ်မှာ ပျော်အောင်နေနေကြတဲ့ကိုရင်လေးများ၊ မေတ္တာငတ်မွတ်တဲ့ကိုရင်လေးများကို နောင်အနာဂတ်သာသာနာမှာ အားကိုးအားထားပြုရမဲ့ ကိုရင်လေးတွေဟာ ခလေးသဘာဝ အိပ်ကြ ဆော့ကြ တာတွေကို အရှိ အရှိအတိုင်း ရိုက်ကူးတင်လိုက်ပါတယ်ရှင်။
ကျမအား ကျမကြိုက်နှစ်သက်သလို စိတ်ကူးရှိသလို အင်တာနက်တွင် တင်ခွင့်ပြုသော ရွှေဂူကျောင်း နာယက ဆရာတော် ဦးခေမီန္ဒအား ကျေးဖူးများစွာတင်ရှိပါသည်ဘုရား။
အားလုံးသော စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
ပို့စ်တင်သူ (ဓမ္မသာလာ-www.dhamatharlar.blogspot.com)
Today, Chrismas of 2012, I visited to Kyaung Daw Ya Pagoda that was located in Pwint Phwe Township. Long centuries ago, Buddha was stay in that place for a week. In my mind it is noble place for me. Most of the time of that day I spent my time on the car, it take 5 hours trip from Nyaung Oo Township. In that place I have very less time to take meditation to puza Budha. Actually my frined Daw Khin Myint Kyi gave me an opportunity to fulfill of my wish to go there. When we return from Pagoda, I requested her to go Gukyaung Free Monastic Education Center. The reason was I would like to upload real sleeping novices photos. My eye sights is very poor, so Daw Tin Tin Mar took the photos regarding my guide.
Tomorrow I will be back to my work environment called Yezin, I should depart from my loving novices. The novices are as Loving kindness hungers, they live happily wherever they will be. We expected one day they will become Budha excellent followers or Monk-to-be. They will receive the responsibility of Pariratti and Pattipati sasana (3 Noble doctirns) in their hands in future.
You can see in uploaded images, they are playing, studying, sleeping as nature of childhoods,
The last I would like to say thanks so much to Chief monk of Gukyaung Free Monastic Education Center, Venerable Ashin Khemai Da to give me a chance to upload this blog feel free as I wish.
With Mett (Loving Kindness)
Bloger Dhamatharlar (www.dhamatharlar.blogspot.com)
|
No comments:
Post a Comment