Wednesday, October 16, 2013

Memorial Pictures in Gukyaung Free Monastic Education Centre, 15 Sept 2013

Child painting on the wall (Myanmar map and National races)

Study hard in resting building as class room (Zayat in Myanmar)

Child painting on the wall (Myanmar map and national races)

Novices and I, I love them, I miss them, so whenever I visited to Nyaung Oo, I met them.


Child painting on the wall (Care on things)


Images of Gukyaung Free Monastic Education Center (Sept 15, 2013)

Novice named Aung Bwa complained to other novice, he is  a bit naughty on the group cause most of them are suffer without parents' loving kindness


Now they have regular practices in studying, so they gain more knowledge day by day. Regarding that point they study well in the new class room.



:\Pay attention on their teacher


I mentioned about him in previous webpage. He only one escape from his family was attacked by Nagis Storm Disaster. When he arrived in Gukyaung, he suffers psychic on lost of his family, but now he study well, his handwriting is neat and tidy. He can do well on everything. His sadness feeling was cure by his study, many novice friends and new sasana environment.


Saturday, June 1, 2013

အမှတ်တရမှတ်တမ်းလေးများ နှင့် အဆောက်အဦအလှူများ

Second time donation US$ 1000 from A.M Steenberg family (USA) for that dinning hall. ကိုရင်လေးများ စတင်ဘတ် မိသားစု လှူထားသော ထမင်းစားဆောင်တွင်တွေ့ရစဉ်


ကျောင်းဆောင်သစ်


ကျမနှင့် ကျမချစ်သော ကိုရင်လေးများ ထမင်းစားဆောင်တွင်
မန္တလေး ရွေဆိုင်းကုန်သည်များလှူဒါန်းထားသော ကုဋီ


ဂူကျောင်း၏ လှုပ်ရှားမှု ခရီးစဉ်များ


ကျမ မြင်းခြံ ၊ ခုနှစ်၇ာခိုင်တောရကျောင်းမှာ မိမိအစီအစဉ်နဲ့ တရားသွားထိုင်ခဲ့တာ ကဆုန်လပြည့်နေ့ကစပြီး (၃)ရက်မြောက်နေ့အထိဖြစ်ပါတယ်။ နေ့ခင်း တနာရီကျော်ကျော်မှာ ညောင်ဦးကို ပြန်ရောက်ပြီး အလုပ်ကိစ္စနဲ့ ညောင်ဦးမြို့နယ်၊ ရေအရင်းအမြစ်ဌာနကိုသွားရောက်ခဲ့ပါတယ်။ အပြန်မှာတော့ ဂူကျောင်းကို ၀င်လိုက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ခြင်ထောင်တွေလာလှူတာနဲ့ ကြုံနေလို့ ဓာတ်ပုံမှတ်တမ်းတင်ရင်း သာဓုခေါ်ခဲ့ရပါတယ်။ ကျမချစ်သော ကိုရင်လေးများ မိုးလုံလေလုံမှာ စာသင်နိုင်အောင် ကျောင်းဆောက်လုပ်လှူဒါန်းပေတဲ့အလှူရှင်တွေ၊ မိမိသားများမဟုတ်သော်လည်း မိမိသားများ မက်ခြင်ကိုက်တာမကြိုက်နှစ်သက်သလို ကိုရင်လေးများကိုလည်း မက်ခြင်ယင် မကိုက်ပါစေနဲ့ လို့ မွန်မြတ်တဲ့စိတ်ထားနဲ့ ခြင်ထောင်လှူဒါန်းပေတဲ့ ယခုအလှူရှင်နဲ့အတူ ယခင်အလှူရှင်များ၏ အလှူအတန်းကိုပါ သာဓု အနုမော် ခေါ်လိုက်ရပါတယ်ရှင်။


အရှင်အာစာရ (ကိုးဘွဲ့ရ ဂူကျောင်းလာရောက်စဉ်က) သြ၀ါဒပေးနေပုံဖြစ်ပါတယ်။ ဆရာတော် သင်ပေးသွားတဲ့ ခလေးခလေး အထင်မသေးနဲ့ တနေ့လူကြီးဖြစ်မှာ ...ဆိုတာလေးကို ကိုရင်လေးတွေက ကျမကိုရွတ်ပြပါတယ်။




ကိုရင်လေးများနှင့် ဂူကျောင်း၏ တစ်ဦးတည်းသောဆရာတော်  အရှင်ခေမိန္ဒ


ကိုရင်လေးများ မန်းရွှေစက်တော်ခရီး

ကိုရင်လေးများ မန်းရွှေစက်တော်ခရီးတွင် ဆရာတော်နှင့်အတူ

ဆရာတော် ဦးခေမိန္ဒ၊ ဆရာမကြီး၊ ကျမ(အညို)နှင့် ကျမအား အစစအရာရာ ပံ့ပိုးပေးသည့်အပြင် ၊ ဂုကျောင်းကိုရင်လေးများ၏ ဆရာမဟောင်းဖြစ်သော ညောင်ဦးမြို့နယ် စိုက်သုတေသန ခြံမန်နေဂျာ ဒေါ်ခင်မြင့်ကြည် ဓာတ်ပုံဟောင်းများအား ကြည့်ရှုနေစဉ်

ပျော်ပျော်ရွှင်ရွှင် ဂူကျောင်းတွင်

မတွေ့ရတာ နှစ်လကျော်ကျော်ရှိပြီဖြစ်တဲ့ ကျမချစ်သော ကိုရင်လေးများ၊ ဒီလိုနဲ့ ဆရာတော်ကြီးတွေဖြစ်လာတာမို့ ကြိုးစားဘို့ အားပေးရပါတယ်ရှင်။ I departed from the novices more than 2 months, they will become great monks on one day, that is the reason I urge them to try hard in their education (Normal and Sasana- Buddhism doctrine)


ကိုရင်လေးတွေ ဘောဇနဆောင်မှာ ရေအခက်အခဲမရှိစေဘို့ ရွှေပိတောက်ရွှေဆိုင်းကုန်သည်များမှ လှူဒါန်းသွားတာဖြစ်ပါတယ်။ To convenience utilization of water at Dinning Hall (Bawzana Hall) the Shwe Patauk Gold sheets trader family donated tank on 15 Feb 2013


စာသင်ချိန်ပြီးဆုံးတဲ့ အတန်းငယ်က ကိုရင်လေးတွေ ယောကျာ်းဘာသား ကစားနေကြ ဗလပြနေကြစဉ်။ သိသိသာသာ ထွားလာကြပြီး အရပ်တွေရှည်လာကြပါတယ်။ခလေးသဘာဝအရ ပျော်ရွှင်နေကြတာကို ကြည့်ပြီး မင်းကွန်းဆရာတော်ဘုရားကြီးမိန့်တဲ့စကားကို ကြားယောင်မိပါတယ်ရှင်။ အရွယ်က ထိန်းသိမ်းသွားပါလိမ့်မယ်တဲ့။

Over class low grade students (novices) are playing as strong as heros and they show their muscle. They are develop and taller than previous my visit to them. They are happily playing without any playing tools but in nature. I recall my memory of words that was speeches by Minn Gum sayadaw U Vicittathara "Ageing will control their behave"

သာဓု-သာဓု-သာဓု

Sadhu- Sadhu- Sadhu


Friday, May 31, 2013

ရွှေပိတောက်စာသင်ဆောင်နှင့် စာသင်နေကြသော ကိုရင်လေးများ


ရွှေပိတောက်စာသင်ဆောင် (Shwe Patauk Class room in Gukyaung-New Building)

မန္တလေးမြို့ ရွှေပိတောက် ရွှေကုန်သည် မိသားစုမှ လှူဒါန်းသော ကဗ္ဗည်း  (The class room was donated by Shwe patauk Gold trader Family from Mandalay on 15 Feb 2013)


ကျကျနနစာသင်ကြားနေသော ကိုရင်လေးများ (The Novice are studying smartly in rain and wind protected building)



Thursday, February 28, 2013

Please build An Auspious Home for Kid novices

Dear All, our novices have insufficient alm meals and shelter, you can built An Auspicious Home for yourself and them as above poem.


ကိုရင်လေးများဟာ မပြည့်စုံမလုံလောက်မှုကြားမှာ ရပ်တည်နိုင်အောင်ကြိုးစားနေကြပါတယ်။ သင်တို့လည်း အပေါ်မှာဖော်ပြထားတဲ့ ဓမ္မကဗျာလေးထဲကလို မိမိအတွက်တင်မက သူတို့လေးတွေအတွက် မင်္ဂလာရှိသောအိမ်ကလေး ဆောက်ပေးကြပါလို့ တိုက်တွန်းပါတယ်ရှင်။

ပို့တင်သူ ကျမ(ကင်မရာကိုင်ထားသူ)နှင့် ကိုရင်လေးများကို မအေသဖွယ် တတ်နိုင်သမျှပြုစုပေးခဲ့တဲ့ ဒေါ်ခင်မြင့်ကြည် (ညောင်ဦး၊ စိုက်ပျိုးရေးသုတေသနခြံမန်နေဂျာ)


Monday, February 18, 2013

ဖေဖော်ဝါရီ အလည်တခေါက် ဂူကျောင်းကိုရောက်

ရွှေဂူကျောင်းမှ ကိုရင်လေးများ ဆရာတော်နှင့်အတူတွေ့မြင်ရစဉ်
 The novices in Gukyaung with Venerable Sayadaw U Khe mainda.

EWOUT & Marjolein Streembergem မိသားစုမှ 

 မှ လှူဒါန်းသောငွေများမှ ဆောက်လုပ်ထားသော ထမင်းစားဆောင်


လက်စမသတ်သေးသော ထမင်းစားဆောင်အား ရှု့ဒေါင့်တမျိုးမှ မြင်ရစဉ် Unfinished construction work of Dinning Hall was donate by
EWOUT & Marjolein Streembergem family

နံရံများ အုတ်တက်ရန်ကျန်နေပါသေးသလို၊ တံခါးများလည်း တပ်ရန်ကျန်နေပါသည်။ ခေါင်းမိုးကတော့ နဂိုရှိပြီးသားဖြစ်ပါတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ Windows and doors are need, construction work of  6 frames must construct.


အုတ်မတက်ရသေးသော ထမင်းစာဆောင် ၏ နံရံများ

အမေလွမ်းတာလဲ မသိတော့ဘူး။ သွေးမစပ်တဲ့ ညီနောင်တွေကိုလည်း ညီအကိုလိုဖြစ်နေပါပြီ။ ပတ်ဝန်းကျင်မှာလည်း နေတတ်နေပြီလေ။ ရွာကိုလွမ်းတော့ဘူး။D

ကိုရင်လေးများ မနက်ဆွမ်းခံကြွလျင် မြို့ထဲသို့ကြွရသဖြင့် ဆရာတော်မှ ကိုရင်လေးများ ဆွမ်းခံကြွရာတွင် လွယ်ကူသက်သာစေရန် ကားဖြင့် ပို့ပေးသည်ဟုသိရပါသည်။

သူက တမင်ကို ဓါတ်ပုံရိုက်ခံခြင်တာလေ။ အင်တာနက်ထဲလည်း ပါခြင်တာမို့ သူ့ကို ဓါတ်ပုံရိုက်ယူခဲ့တာပါရှင်။

Saturday, February 9, 2013

ကျေးဇူးတင်ရှိခြင်းနှင့် ကျမချစ်သော ကိုရင်လေးများ

မနေ့က ကျမဟာ ရေဆင်းကနေ နေ့ခင်း (၂)နာရီလောက် ညောင်ဦးကိုေ ရာက်ရှိလာပါတယ် ရှင်။ ရောက်တာနဲ့ ရွှေဂူုကျောင်းကို အပြေးလေးရောက်သွားပြီး Family Steenbergen တို့လှူဒါန်းထားတဲ့ အလှူလေး ပြီးဆုံးပြီးသမျှအခြေအနေလေးတွေ သိခြင်တာကြောင့် တကြောင်း ဆရာတော်ထံလည်း ကန်တော့ ကျမချစ်မြတ်နိုးတဲ့ ကိုရင်လေးတွေကိုလည်း တွေ့ခြင်တာကြောင့် တကြောင်း ရွှေဂူကျောင်းကို အိတ်ကလေးချပြီး အပြေးအလွှားလေးလာခဲ့မိပါတယ်။ ခဲလေသမျှ သဲရေကျဆိုသလို ဆရာတော်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွက် တောင်ဇင်းကို ကြွသွားတဲ့အတွက် မောပြန်လာရပါတယ်။ ဇွဲကတော့ မလျော့ပါဘူး ဒါကြောင့် နောက်တကြိမ် (၅)နာရီမှာထပ်သွားပါတယ်။ ဆရာတော်နဲ့စကားစပြီပြော ပြီး အခြေအနေတွေမေးခဲ့မြန်းခဲ့ ၊ ဓါတ်ပုံတွေလည်းရိုက်ခဲ့တယ်ပေါ့ရှင်။
စာသင်အပြီး သစ်ပင်အောက်တွင်ဆော့နေကြသော ကိုရင်လေးများ ညောင်ဦးရဲ့ပူပြင်းလှတဲ့ နေရှိန်ကြောင့် သင်္ကန်းတွေ ဘိုသီဘတ်သီဖြစ်နေတာကိုတော့ နားလည်ကြည့်ရှုပေးကြပါရှင်
နောက်တန်းက ကိုရင်လေး မိုးမိုး နဲ့ ကိုရင်ဘဦးတို့ကတော့ ကျမတို့ စိုက်သုတေသနခြံ အဖွဲ့ရဲ့ အချစ်တော်လေးများပါ
အင်တာနက်မှာ ပုံတွေတင်ပေးခြင်လို့ ဓါတ်ပုံေးလးတော့ အရိုက်ခံပါဦးဘုရားလို့ လျှောက်ထားပြိး ရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်ရှင်။ ဝေဘူဆရာတော်ဘုရားကြီးသက်ရှိထင်ရှားရှိစဉ်ကကော၊ ကျမတို့ ကြည်ညိုလေးစားတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကော ကိုရင်လေးတွေကို မလေးမစားပြောဆို ဆက်ဆံတာကို မနှစ်မြို့တော်မူပါဘူးရှင်။ ဒါကြောင့် တရိုတသေလျောက်ထားလိုက်ရပါတယ်ရှင်။

Wednesday, January 23, 2013

ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါသည်။

ကိုရင်လေးများ မနက်အာရုံတွင် ဆွမ်းခံရန်အတွက် ကိုရင်လေး(၇၀) ဆွမ်းခံထွက်ရန် ကားတစီးအား အများလှူဒါန်းငွေများအား စုပေါင်းပြီးဝယ်ယူထားပါသည်။
ကိုရင်လေးများအတွက် ဖတ်ရှု၇န် စာအုပ်စာတမ်းများလိုအပ်လျက်ရှိပါသည်။ မူလတန်းအထိသာဟု သတ်မှတ်ထားသော်လည်း မူလတန်းအောင်မြင်ပြီးသားကိုရင်လေးများအား ဆရာတော်မှ ပါဠိသင်တန်းကို ဆက်လက်တက်ရောက်စေခဲ့ပါသည်။
ကိုရင်လေးများအတွက် ကျမသည် ယခုတလော You tube မှနေပြီး  bookbox မှတင်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ပုံပြင်လေးများအား အခွေဖြင့်ထိုးကြည့်နိုင်ရန် ဒေါင်းလုပ်ချလျက်ရှိပါသည်။ ကျမရည်ရွယ်ချက်မှာ အင်္ဂလိပ်စာအား လွယ်လွယ်ကူကူစိတ်ဝင်စားလာရန် ရည်ရွယ်ပြီး စုဆောင်းနေခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်စာသည် ကမ္ဘာသုံးဖြစ်သည့်အပြင် ပုဂံကဲ့သို့ နိုင်ငံခြားသားများအ၀င်အထွက်များသည့် နေရာတွင် လွယ်ကူစွာတတ်မြောက်ပြောဆိုနိုင်သော အခွင့်အရေးမှာ တခြားနေရာဒေသများထက် သာလွန်သော အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ကိုရင်ငယ်လေးများ တနေ့တွင် ကမ္ဘာ့သာသနာပြုနိုင်သူ သာသနာ့အာဇာနည်များလည်း ထွက်ပေါ်လာနိုင်ပါသည်။ ထိုသို့ ထိုသို့ ရည်ရွယ်ချက်ဖြင့် ကိုရင်လေးများအား စိတ်ဓါတ်အားဖြင့်လည်း မြင့်မားလာနိုင်စေမည်ဟု ကျမယုံကြည်မိပါသည်။
ဖတ်ရှုသူအပေါင်းကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
ပို့စ်တင်သူ - ဓမ္မသာလာ