Tuesday, December 25, 2012
အိပ်သူအိပ် ကစားသူကစား တီဗွီကြည့်သူကြည့် စာကျက်သူကျက်
ဒါနပြုလုပ်ရန်တွင် မမောမပန်း သဒ္ဓါစေတနာတို့ဖြင့်
Monday, December 24, 2012
လှူဒါန်းနိုင်သောစာရင်း (Material list for donation)
စာသင်ဆောင်ဆောက်လုပ်ရန်
လှူတန်းနိုင်ပါသည်။
၁။ ၁၀ ပေသွပ်
တချပ် ၄၅၀၀
ကျပ်
၂။ အုတ် တဖို ၄၀၀၀၀၀
ကျပ်
၃။ သစ်(အင်) တတန် ၄၈၀၀၀၀
ကျပ်
၎။ သစ်(အမာ) တတန် ၆၅၀၀၀၀
ကျပ်
၅။ ဘိလပ်မြေ(ဆင်)
တအိပ် ၆၀၀၀ ကျပ်
၆။ သဲ(ကား)
တစီး ၁၅၀၀၀
ကျပ်
၇။ ထုံး(အိပ်ကြီး) တအိပ် ၂၇၀၀
ကျပ်
၈။ ကျောက်သေး
တကျင်း ၆၀၀၀၀ ကျပ်
လှူဒါန်းနိုင်ပါသည်။
ဦးခေမိန္ဒ
နာယကဆရာတော်၊
ရွှေဂူမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း
ရွှေစည်းခုံဘုရားအနီး၊
ညောင်ဦးမြို့။Mobile: 09-2043173
For
construction of Teaching Hall
(Myanmar
currency)
1.
10
feet corrugated tin sheet 4500
kyats
2.
One
kiln of bricks 400000
kyats
3.
One
ton of hard wood 480000
kyats
4.
One
ton of hard wood (another kind)
650000 kyats
5.
One
package of cement 6000
kyats
6.
One
pit of sand 15000
kyats
7.
One
bag of Lime 2700
kyats
8.
One
big bag of small gravel(break) 60000 kyats
Your
kind contribution is welcome for this noble accomplishment for Spreading of
Noble Buddha’s teaching.
U
Khe Main Da
Shwe
Gu Orphan Teaching Centre
Gu
Kyaung Monastry, Near Shwe Si Gone Pagoda
Nyaung
Oo, Myanmar
Mobile:09-2043173
Sunday, December 23, 2012
ရွှေစည်းခုံဘုရားအနောက်ဖက် အလိုတော်ပြည့်ကျောင်းတိုက်အနီးက ဦးဇာဂရ ဂူကျောင်း
သင်ကြားခြင်းနှင့်သင်ယူခြင်းသည် အနာဂတ်သာသနာအကျိုး
ပထမတန်းတွင် ပညာသင်ကြားနေသော ကိုရင်လေးများThe novices are studying in first grade, you will see Child nature in the photo. |
![]() |
စတုတ္ထတန်းတွင်ဆရာပြောသည်ကိုလေ့လာမှတ်သားနေသာ ကိုရင်လေးများStudy and note down their lectures at forth grade |
![]() |
စတုတ္ထတန်းတွင်ပညာသင်ကြားနေသော ကိုရင်လေးများThe novices who study in forth grade |
ပထမတန်း ဒုတိယတန်းနှင့် တတိယတန်းတွင် ပညာသင်ကြားနေသော ကိုရင်လေးများ
The novices who are studying in first, second and third grade.
The novices who are studying in first, second and third grade.
ဘာကြောင့် ဒီဘလော့ကို လုပ်ဖြစ်ရတာလဲ
ဝေဘူဆရာတော်ဘုရားကြီးဟာ တရားတပုဒ်မှာ ရဟန္တာဆိုတာ ကိုရင်လေးတွေက ဖြစ်လာတာဗျ။ ခင်ဗျားတို့ကိုရင်လေးတွေကို မလေးမစားမလုပ်နဲ့လို့ ဟောကြားခဲ့ဘူးပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ နိုင်ငံတော် အကြီးအကဲတစ်ဦးလာဂါရ၀ပြုပူဇော်တဲ့အခါမှာ စကားတခွန်းမိန့်ခဲ့ဘူးပါတယ်။
ဘုန်းကြီးအိုကြီးတွေက ပေါက်လှမှ အလွန်ဆုံး (၇၀၀)ဆုဘဲ။ အဲ ကိုရင်ငယ်လေးတွေကမှ လက်မှတ်သစ်လေးတွေကိုင်ထားတာဗျ။ သူတို့က သိန်း(၁၀၀)ဆိုလည်း ဟုတ်တယ်။ သိန်း(၂၀)ဆိုလည်း ဟုတ်တယ်။ လက်မှတ်သစ်လေးတွေဗျ လို့မိန့်ခဲ့ဘူးပါတယ်။
ဒိုများဆီသာလာတာပါ။ လမ်းတွေ့တဲ့ ကိုရင်လေးတွေတော့ ကားနဲ့တောင် ပွတ်မလို့လုပ်ခဲ့တယ်မဟုတ်လားလို့လည်း တရားတပုဒ်မှာထဲ့ဟောထားပါတယ်။
ဒါတွေကို ကြားနာနေခဲ့ရတဲ့ကျမဟာ www.gukyaung.blogspot.com ကိုအင်တာနက်ပေါ်တင်ဘို့ဖြစ်လာတဲ့ အကြောင်းအရင်းအခြေခံဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး (၂) ပါးစလုံးဟာ အင်မတန်မှ သိက္ခာကြီးမားတဲ့ သာသနာ့အာဇာနည်ကြီးတွေဖြစ်ပါတယ်။ ဒီဆရာတော်ဘုရားကြီးတွေဟာ ကိုရင်လေးတွေဟာ အနာဂတ်မှာ သာသနာတော်မှာ တိပိကဋ် အာဂုံဆောင် မထောရ်ကြီးတွေ ဖြစ်လာနိုင်သလို ၊ ရဟန္တာမထောရ်မြတ်ကြီးတွေ သာသနာတော်ကို ပရိယတ် ပရိပတ္တ ဂုဏ်ဆောင်နိုင်သူတွေမို့ တန်ဘိုးထားရမယ်လို့ အထက်က သြ၀ါဒတွေက လှစ်ဟ ပြနေပတယ်ရှင်။
ကျမသည်ဘလော့တင်ရခြင်းအကြောင်းအရင်း တစေ့တစောင်းလေးကို မျှဝေပါရစေ။ 2012 ခုနှစ် ဧပြီလ သင်္ကြန်ပိတ်ရက်မှာ ကျမ မေမြို့ (ပြင်ဦးလွင်)အနီးစခမ်း ချမ်းမြေ့ရိပ်သာမှာ တရားအားထုတ်ပြီး မန္တလေးက နေညောင်ဦးဘက်မှတဆင့် လှည့်ပြန်ဖြစ်ခဲ့ပါတယ်ရှင်။ ရွှေစည်းခုံအနီးနားက ညောင်ဦးကားဂိတ်ရောက်တာနဲု့ ကျမ သူငယ်ချင်း ခြံမန်နေဂျာ ဒေါ်ခင်မြင့်ကြည် (အပူပိုင်းဒေသသီးနှံသုတေသန) က ကျမကိုလာကြိုပါတယ်။ သူနဲ့အတူ ကျမဟာ အခုဘလော့ရေးတဲ့ ဂူကျောင်းဆိုတဲ့ ပရဟိတ အခမဲ့ ပညာသင်ကျောင်းကို စတင် ရောက်ခဲ့ဘူးခြင်း ဖြစ်ပါတယ်ရှင်။
အဲဒီနေ့ကမိုးဖွဲဖွဲလေးရွာနေပါတယ်။ ကျမသူငယ်ချင်းရဲ့ကားပေါ်မှာ ကျမကကျန်နေရစ်ပြီး သူကတော့ ကိုရင်လေးတွေစာသင်ဘို့ဆိုပြီး ကျောင်းဆောင်တွေဘက်ကိုသွားခဲ့ပါတယ်။ အဲဒီကိုရင်လေးတွေဟာ ၂၀၁၁ ခုနှစ် ဧပြီလလောက်တည်းက ရောက်ရှိနေခဲ့သူများဖြစ်ကြပါတယ်။ သူတို့လေးတွေဟာ မိုးဗြဲ ဖယ်ခုံစတဲ့ ဒေသ တွေကလာပြီး အဲဒီဘက်မှာအလုပ်အကိုင်အခွင့်အလမ်းနည်းပါးကြတယ်။ အများအားဖြင့်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများ များပြားပြီး ဆေးစွဲသူဖခင်များ၊ ဆေးစွဲသူလူငယ်များစသည်ဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုတွေများတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့အတွက် သူတို့မိဘတွေဟာ မူးယစ်ဆေးဝါးနဲ့ ထောင်ကျသူ ထွက်ပြေးနေသူတွေများကြပါတယ်တဲ့။ သူတို့မှာ အထူးသဖြင့် အဖေတွေမရှိကြတော့ပါဘူး။ မိခင်တွေကလည်း အလုပ်အကိုင်ရယ်လို့ ကောင်းကောင်းမရှိတဲ့ အတွက် သူတို့သားသမီးလေးတွေကို မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်လာမှာကို ကြောင့်ကြစိတ်များနဲ့ တိုက်ကြီးမြို့နယ်မှ အစိုးရအသိအမှတ်ပြု ပရဟိတကျောင်းမှတဆင့် ဂူကျောင်း (သို့)ရွှေဂူကျောင်း ပရဟိတအခမဲ့ဘုန်းတော်ကြီး စာသင်ကျောင်းလေးကိုပို့ခဲ့ရတယ်လို့ သိရပါတယ်ရှင်။
မိစုံဖစုံ လူတိုင်းနေခြင်ကြပေမဲ့ ဘ၀ပေးအနေအထားကြောင့် မိဘမစုံမလင်တဲ့ သူတို့ဘ၀လေးတွေမှာ မိခင်နဲ့နေပြန်တော့ ပတ်ဝန်းကျင်က မူးယစ်ဆေးဝါးသုံးစွဲမှုများတဲ့ ပတ်ဝန်းကျင်မို့ အတုခိုးမှား ဖခင်များကဲ့သို့ ပျက်စီးမှာစိုးလို့ မိခင်များဟာ မခွဲခြင်လည်းခွဲ။ ခွဲခြင်လည်းခွဲပြီ သားလေးတွေဘ၀ရှေ့ရေးအတွက် ပရဟိတ ကျောင်းတွေကို ပို့ထားရတဲ့အဖြစ်ဖြစ်ပါတယ်ရှင်။
အဲဒီအုပ်စုတွေထဲမှာ နာဂစ်ဘေးဒဏ်ကြောင့် မိဘတွေကဘယ်ရောက်မှန်းမသိ ညီလေးနဲ့နှစ်ယောက်သား ခြေဦးတည့်ရာထွက်ပြေးလို့ အသက်ရှင်ကျန်ရစ်တဲ့ ကိုရင်လေး (ဘိုဘိုနိုင်)လိုလည်းပါဝင်ပါသေးတယ်။ အင်မတန်မှ ချစ်စရာကောင်းတဲ့ ကိုရင်နေလင်းထက်ဆိုရင် အမိအဖဆိုတာ မမြင်မသိမကြားခဲ့တဲ့ ကိုရင်လေးဖြစ်ပါတယ်ရှင်။
ဘ၀ရဲ့ဒဏ်ရာ ဒဏ်ချက်တွေဟာ အရွယ်နဲ့မမျှပေမဲ့ သူတို့ကို ထိမ်းသိမ်းစောင့်ရှောက်မှုကောင်းတဲ့အတွက် သူတို့ဟာ ခလေးသဘာဝအတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့စာတွေကျက်မှတ်သင်ယူနေကြတာကို ကျမယခုအပတ်သွားတော့ အများကြီးတိုးတက်လာတာကိုလည်းတွေ့ရပါတယ်။ ဧပြီလမှာဆိုရင် သူတို့ဟာ တော်တော်လေးကို ခလေးသဘာဝ ညစ်တိညစ်ပတ်လေးနေထိုင်တာကိုတွေ့ရပါတယ်။ ပဒေါင်စကား၊ ကယားစကား၊ ကရင်စကားတွေနဲ့ စကားတွေကလည်း မပေါက်၊ စာသင်တော့လည်း အတက်နှေးစတဲ့ အခက်အခဲတွေအများကြီးဟာ-ယခုအချိန်မှာ သင်္ကန်းတွေကအစ သန့်သန့်ပြန့်ပြန့် ဒက်တွေလည်း ဆေးကုပေးမဲ့ အလှူရှင်တွေရှိ၊ သင်္ကန်းတွေလည်း အလှူရှင်ပေါ်လာနဲ့တော်တော် သပ်သပ် ယပ်ယပ်လေးတွေခဲ့ရပါတယ်။ ဒါပေမဲ့ စာသင်ဆောင်မပြည့်စုံခြင်း၊ အိပ်ဆောင်များမလုံလောက်ခြင်း၊ ကျန်းမာရေး ၀န်ဆောင်မှုပေးနိုင်ရန် အားနည်းနေခြင်း၊ ခလေးသဘာဝ ကိုယ်လက်ကြံ့ခိုင်မှုအတွက် ကစားစရာများ မရှိသလောက်ဖြစ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ ဘာသာရေးနှင့်ပတ်သက်သည့် သင်ထောက်ကူစာအုပ်များမှာ အပါးစေ့ငှမှု မရှိခြင်း စသည့်အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေဆဲဖြစ်ပါသည်။ ကိုရင်ငယ် (၇၀)၏ တာဝန်အလုံးစုံကို ထမ်းပိုးထားသော ဆရာတော် ဦးခေမိန္ဒကိုလည်း ကျမအနေဖြင့် အတော်ကို ချီးကျူးမိပါသည်။ ဆရာတော်သည် ကူညီမည့် သူအင်အားနည်းနည်းလေးနှင့် မနိုင်ဝန်ထမ်းဆောင်ဘိသကဲ့သို့တည်း။
တခါတွင် ဆရာတော်ထံသို့ အလှူငွေတစ်သိန်းလာလှူဒါန်းရာ ထိုအလှူငွေအား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှတဆင့် ကိုရင်လေးများ ခေါင်းတွင် ပေါက်သော ဒက်(မှိုရောဂါ)အား ဆေးကုသရန် ညှိနှိုင်းဆောင်ရွက်ချက်အရ ညောင်ဦးမြို့နယ် လူမှုဖူလုံရေးဆေးခန်းမှ ဆရာဝန်ဦးဆောင်သောအဖွဲ့သည် လာရောက်ဆေးကုသမှုပေးသွားသည်ဟုဆရာတော်မှ ရှုင်းပြပါသည်။
လောကတွင် ပြည့်လျှံနေသောအိုးအားဖြည့်ခြင်းသည် ဖိတ်စင်ပါသည်။ လိုနေသောအိုးကိုဖြည့်ခြင်းသည် အဓိပါယ်အားဖြင့် ပြည့်စုံသလို လောကကောင်းကျိုးအား တတပ်တအားဆောင်ရွက်သကဲ့သို့လည်း ရှိနေပါသည်။ ရယူလိုသဖြင့် ပေးဆပ်ခြင်းသည်လည်း စင်စစ် စင်ကြယ်မှုအပြည့်မရှိပေ။ ပေးဆပ်ခြင်း သက်သက်မျှကသာလျင် အဆင့်မြင့်သောစိတ်၊ မြင့်မြတ်သောအလှူစာရင်း မှတ်ကျောက်တင်ခံရမည် ဖြစ်ပါသည်။ မည်သူသိသိမသိသိ သာသနာကိုစောင့်သောနတ် ကိုယ်စောင့်နတ်များက အသိအမှတ်ပြုမည်သာ။
ကိုရင်လေးများသည် အနာဂါတ်သာသနာအလောင်းအလျာလေးများဖြစ်ကြပါသည်။ ရွှေဂူပရဟိတ အခမဲ့ပညာသင်ကျောင်းမှ (၄)တန်းအထိကို အတန်းစာသင်ပေးပြီး (၄)တန်းအောင်လျင် သာသနာစာပေများ ဖြစ်သော ပါဠိဘာသာအတန်းအား စတက်စေပါသည်။ ယနေ့ပင်လျင် ပါဠိသင်တန်းတက်နေသော ကိုရင်အဖွဲ့ ထဲတွင် မြန်မာရည်အနည်းငယ်လည်သဖြင့် ကျမမှတ်မှတ်ရရရှိသော ကိုရင်ဧပြီအား လိုက်ဖမ်းနေရပါသည်။
ချစ်စရာကောင်းသော အပစ်မဲ့သော ခလေးလေးများသည် အနာဂတ်သာသနာကို စောင့်ရှောက်မည့် သူများသာ တည်း။ အမွေဆက်ခံမည့်သူများတည်း။ သာသနာတော်ဆုတ်နေသောကာလတွင် သာသနာကိုလက်ဆင့်ကမ်း သယ်ဆောင်မည့် ကိုရင်လေးများကို များများစောင့်ရှောက် များများမွေးမြူထားကာမှ တန်ကာကျမဟု ကျမထင်မြင်မိပါသည်။
မပြည့်မစုံသော ခက်ခဲနေသော သူတို့လေးတွေ၏ဘ၀လမ်းကို ဖြောင့်ဖြူးစေရန် အလှူရှင်များကလည်း မိမိတို့နိုင်သလောက် ဖြည့်ဆည်းပေးနေကြပါသည်။သို့သော် ကွက်လပ်များများရှိနေဆဲဖြစ်ပါသည်။ ယနေ့ဆိုလျင်တိုက်တိုက်ဆိုင်ဆိုင်ပင် ကျမပြုလုပ်ထားခဲ့သော ယခုဘလော့လေးအား ဆရာတော်ထံပြမည် ဆိုကာ ကျမသူငယ်ချင်းမှ ကျောင်းသို့လိုက်ပို့ပေးခဲ့ပါသည်။ ကျောင်းရောက်သော် ဟော်လန်နိုင်ငံ၊
EWOUT & marjolein Streenbergen မှ မိသားစု (၅)ဦးသည် (Streenberg Family)သည် ဆရာတော်အား ဆွမ်းစားကျောင်းဆောက်ရန်အတွက် အလှူတစိတ်တပိုင်းအဖြစ် ဒေါ်လာ(၁၀၀၀)လှူဒါန်းသွားပါသည်။ ကျမပြုလုပ်ထားသော ဘလော့အားလည်း စိတ်ဝင်တစားကြည့်ရှုပါသည်။ ချိုချဉ်ပုံစံပေါင်းစုံအားလည်း ၄င်းမိသားစုမှ ကိုရင်လေးများအား ဝေငှသွားပါသည်။ အလားတူ ထို အမျိုးသမီးသည် ကျမအားလည်း ကံ ကံ၏အကျိုးဆက်အား သူမယုံကြည်ပါကြောင်း ပြောကြားသည့်အပြင်ဆရာတော်အာားလည်း လက်အုပ်ချီမိုး ဂါရ၀ပြုခြင်းများ ပြုလုပ်သည်ကို မြင်တွေ့ရသဖြင့် ကြည်နူးဝမ်းမြောက်မိခဲ့ပါသည်။ အသွေးအရောင်မခွဲသော မေတ္တာ၊ ရေမြေခြားသော်လည်း လူသားချင်းစာနာထောက် ထားသောမေတ္တာများဖြင့် လှူဒါန်းပေးကမ်းခြင်းအားလည်း ကျမအနေဖြင့် ချီးကျူးလေးစားမိပါသည်။
ယခုဘလော့သည် ကျမချစ်သော ကိုရင်ငယ်လေးများအတွက် အခမဲ့ပြုလုပ်ပေးသော ဘလော့ဖြစ်ပါသည်။ အင်တာနက်ပေါ်တွင် တင်ထားသော သူတို့ပုံလေးများအား မြင်တွေ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးသော ဘလော့လည်းဖြစ်စေလိုပါသဖြင့် သူတို့လေးတွေအား ချစ်ခင်သောစိတ် စာနာသောစိတ်ဖြင့် မေတ္တာသက် သက်ဖြင့် အင်တာနက်ပေါ်တင်ပေးထားခြင်းဖြစ်ပါသည်။
ယခုဘလော့ပြုလုပ်ရာတွင် ကျမအား လိုအပ်သောဓါတ်ပုံများအား ကျမဖုန်းထဲတွင်ပြောသည့်အတိုင်း ရိုက်ကူးထားပေးသော အပူပိုင်းဒေသ ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံမှ ခြံမန်နေဂျာ ဒေါ်ခင်မြင့်ကြည်နှင့်
ဒေါ်တင်တင်မာ ကျမလာတိုင်း ကျမအား ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြ ကုန်သော ညောင်ဦးခြံမှ ၀န်ထမ်းများဖြစ်သော ဒေါ်တင်တင်မာ၊ မနီနိဝင်း၊ ဦးဝင်းစိုး၊ သော်သော်၊ ကားဆရာ ကိုဝင်းနိုင်၊ မောင်ဖိုးပွား(ဒေါ်ခင်မြင့်ကြည်၏သား) ၊ မောင်အောင်သူ၊ အန်တီချိုနှင့် ကျမအားချစ်ခင်စွာ ကူညီပေးကြသော ၀န်ထမ်းများ အလုပ်သမားများ အားလုံးအားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင်။
ဘလော့တင်သူ- ကြည်ကြည်သက် (ဓမ္မသာလာ)
email: kktstar@gmail.com
www.dhamatharlar.blogspot.com
ကိုရင်က အပါး(၇၀) အိပ်ဆောင်က ငယ်ငယ်
![]() |
STEENBERGEN FAMILY နှင့် မူလတန်းဆောင်မှ ကိုရင်လေးများ အမှတ်တရ (၂၃ ဒီဇင်ဘာ ၂၀၁၂)Donar STEENBERGEN Family and Primary level students (novices) in their study hall in memorial on 23 December 2012 |
![]() |
မူလတန်းသင်ပညာရေးအောင်မြင်သဖြင့် သာသနာစာပေများကို စတင်သင်ကြားနေသည့် ကိုရင်လေးများThey pass primary level education, the continuous study Buddha literature and Pali (Sanskrit) |
ကြိုးကြိုးစားစား နိုးနိုးကြားကြား ပျော်ပျော်ရွှင်ရွှင် စာကိုသင်
![]() |
တိတ်ဆိတ်သော နေရာတွင် စာကျက်နေသည့် ကိုရင် နေထွန်းလင်းNovice Nay Linn Htun has been leaning at the stone post and study hard at the silence place. |
အလုပ်ကို တဖက်ကလုပ်ရင်း ထင်းပုံကိုခုထိုင်ပြီး စာကျက်နေသည့် ကိုရင်လေး ဘဦး
Novice Bo Oo simultaneously working with his kitchen duty and studying on the pile of firewood as a throne
ရေမြေခြားနား အသွေးအရောင်ခြားနားသော်လည်း မေတ္တာဂရုဏာနယ်စည်းမခြားသော မေတ္တာရှင်များ
![]() |
ရေမြေခြားနေသော်လည်း အသွေးအရောင်ခြားနေသော်လည်း မေတ္တာ ဂရုဏာ မရှားပါး နယ်မြေစည်းမခြားထားသော ကျောင်းအလှူရှင်ထဲမှ တစ်ဦးဖြစ်သည့် စတင်ဘာဂင်မိသားစု STEENBERGEN family (Holland) မှ ကိုရင်ငယ်လေးများအား ချိုချဉ်မျိုးစုံလိုက်လံ ဝေငှပေးနေစဉ် Eventhough bounder is discriminate, complexion is determinate, huge & boundless loving kindness and compassion donar STEENBERGEN family from Holland distribute many sweets and lorry-pot to novices d
D
(၂၃ ဒီဇင်ဘာလ၊ ၂၀၁၂ ခုနှစ်။ ညောင်ဦးမြို့နယ် ရွှေဂူ ပရဟိတ အခမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်း။
Gukyaung social welfare and free monastic eduction school, Nyaung Oo Township on 23 December 2012
အလှူဒါနပြုကြသော ဟော်ဟန်မှမိသားစုနှင့် ဂူကျောင်းဘလော့အား အင်တာနက်သို့လွင့်ခြင်းအမှတ်တရ
![]() |
EWOUT & Marjolein Streembergem (Holland), STEENBERGEN FAMILY မိသားစုမှ ကျောင်းဆောင်ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ(၁၀၀၀)အား လှူဒါန်းသည်ကို ဆရာတော် ဦးခေမိန္ဒမှ လက်ခံယူနေသောပုံ။ |
Saturday, December 22, 2012
စာနာစိတ်ဖြင့် ရိုင်းပင်းချစ်ကြည် တာဝန်ကိုယ်စီရှိကြသည်။
ပြုံးရွှင်ကြည်နူး ဒါနထူးကို အလှူဖြစ်မြောက် ကုသိုလ်ရောက်ဘို့ ဘုန်းပေးလိုက်မယ် ချစ်စဖွယ်
The cute novices are joyfully taking meals by special
donations (Dana) to get merit for donors.
|
Subscribe to:
Posts (Atom)