Monday, February 18, 2013

ဖေဖော်ဝါရီ အလည်တခေါက် ဂူကျောင်းကိုရောက်

ရွှေဂူကျောင်းမှ ကိုရင်လေးများ ဆရာတော်နှင့်အတူတွေ့မြင်ရစဉ်
 The novices in Gukyaung with Venerable Sayadaw U Khe mainda.

EWOUT & Marjolein Streembergem မိသားစုမှ 

 မှ လှူဒါန်းသောငွေများမှ ဆောက်လုပ်ထားသော ထမင်းစားဆောင်


လက်စမသတ်သေးသော ထမင်းစားဆောင်အား ရှု့ဒေါင့်တမျိုးမှ မြင်ရစဉ် Unfinished construction work of Dinning Hall was donate by
EWOUT & Marjolein Streembergem family

နံရံများ အုတ်တက်ရန်ကျန်နေပါသေးသလို၊ တံခါးများလည်း တပ်ရန်ကျန်နေပါသည်။ ခေါင်းမိုးကတော့ နဂိုရှိပြီးသားဖြစ်ပါတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ Windows and doors are need, construction work of  6 frames must construct.


အုတ်မတက်ရသေးသော ထမင်းစာဆောင် ၏ နံရံများ

အမေလွမ်းတာလဲ မသိတော့ဘူး။ သွေးမစပ်တဲ့ ညီနောင်တွေကိုလည်း ညီအကိုလိုဖြစ်နေပါပြီ။ ပတ်ဝန်းကျင်မှာလည်း နေတတ်နေပြီလေ။ ရွာကိုလွမ်းတော့ဘူး။D

ကိုရင်လေးများ မနက်ဆွမ်းခံကြွလျင် မြို့ထဲသို့ကြွရသဖြင့် ဆရာတော်မှ ကိုရင်လေးများ ဆွမ်းခံကြွရာတွင် လွယ်ကူသက်သာစေရန် ကားဖြင့် ပို့ပေးသည်ဟုသိရပါသည်။

သူက တမင်ကို ဓါတ်ပုံရိုက်ခံခြင်တာလေ။ အင်တာနက်ထဲလည်း ပါခြင်တာမို့ သူ့ကို ဓါတ်ပုံရိုက်ယူခဲ့တာပါရှင်။

Saturday, February 9, 2013

ကျေးဇူးတင်ရှိခြင်းနှင့် ကျမချစ်သော ကိုရင်လေးများ

မနေ့က ကျမဟာ ရေဆင်းကနေ နေ့ခင်း (၂)နာရီလောက် ညောင်ဦးကိုေ ရာက်ရှိလာပါတယ် ရှင်။ ရောက်တာနဲ့ ရွှေဂူုကျောင်းကို အပြေးလေးရောက်သွားပြီး Family Steenbergen တို့လှူဒါန်းထားတဲ့ အလှူလေး ပြီးဆုံးပြီးသမျှအခြေအနေလေးတွေ သိခြင်တာကြောင့် တကြောင်း ဆရာတော်ထံလည်း ကန်တော့ ကျမချစ်မြတ်နိုးတဲ့ ကိုရင်လေးတွေကိုလည်း တွေ့ခြင်တာကြောင့် တကြောင်း ရွှေဂူကျောင်းကို အိတ်ကလေးချပြီး အပြေးအလွှားလေးလာခဲ့မိပါတယ်။ ခဲလေသမျှ သဲရေကျဆိုသလို ဆရာတော်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွက် တောင်ဇင်းကို ကြွသွားတဲ့အတွက် မောပြန်လာရပါတယ်။ ဇွဲကတော့ မလျော့ပါဘူး ဒါကြောင့် နောက်တကြိမ် (၅)နာရီမှာထပ်သွားပါတယ်။ ဆရာတော်နဲ့စကားစပြီပြော ပြီး အခြေအနေတွေမေးခဲ့မြန်းခဲ့ ၊ ဓါတ်ပုံတွေလည်းရိုက်ခဲ့တယ်ပေါ့ရှင်။
စာသင်အပြီး သစ်ပင်အောက်တွင်ဆော့နေကြသော ကိုရင်လေးများ ညောင်ဦးရဲ့ပူပြင်းလှတဲ့ နေရှိန်ကြောင့် သင်္ကန်းတွေ ဘိုသီဘတ်သီဖြစ်နေတာကိုတော့ နားလည်ကြည့်ရှုပေးကြပါရှင်
နောက်တန်းက ကိုရင်လေး မိုးမိုး နဲ့ ကိုရင်ဘဦးတို့ကတော့ ကျမတို့ စိုက်သုတေသနခြံ အဖွဲ့ရဲ့ အချစ်တော်လေးများပါ
အင်တာနက်မှာ ပုံတွေတင်ပေးခြင်လို့ ဓါတ်ပုံေးလးတော့ အရိုက်ခံပါဦးဘုရားလို့ လျှောက်ထားပြိး ရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်ရှင်။ ဝေဘူဆရာတော်ဘုရားကြီးသက်ရှိထင်ရှားရှိစဉ်ကကော၊ ကျမတို့ ကြည်ညိုလေးစားတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကော ကိုရင်လေးတွေကို မလေးမစားပြောဆို ဆက်ဆံတာကို မနှစ်မြို့တော်မူပါဘူးရှင်။ ဒါကြောင့် တရိုတသေလျောက်ထားလိုက်ရပါတယ်ရှင်။

Wednesday, January 23, 2013

ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါသည်။

ကိုရင်လေးများ မနက်အာရုံတွင် ဆွမ်းခံရန်အတွက် ကိုရင်လေး(၇၀) ဆွမ်းခံထွက်ရန် ကားတစီးအား အများလှူဒါန်းငွေများအား စုပေါင်းပြီးဝယ်ယူထားပါသည်။
ကိုရင်လေးများအတွက် ဖတ်ရှု၇န် စာအုပ်စာတမ်းများလိုအပ်လျက်ရှိပါသည်။ မူလတန်းအထိသာဟု သတ်မှတ်ထားသော်လည်း မူလတန်းအောင်မြင်ပြီးသားကိုရင်လေးများအား ဆရာတော်မှ ပါဠိသင်တန်းကို ဆက်လက်တက်ရောက်စေခဲ့ပါသည်။
ကိုရင်လေးများအတွက် ကျမသည် ယခုတလော You tube မှနေပြီး  bookbox မှတင်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ပုံပြင်လေးများအား အခွေဖြင့်ထိုးကြည့်နိုင်ရန် ဒေါင်းလုပ်ချလျက်ရှိပါသည်။ ကျမရည်ရွယ်ချက်မှာ အင်္ဂလိပ်စာအား လွယ်လွယ်ကူကူစိတ်ဝင်စားလာရန် ရည်ရွယ်ပြီး စုဆောင်းနေခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်စာသည် ကမ္ဘာသုံးဖြစ်သည့်အပြင် ပုဂံကဲ့သို့ နိုင်ငံခြားသားများအ၀င်အထွက်များသည့် နေရာတွင် လွယ်ကူစွာတတ်မြောက်ပြောဆိုနိုင်သော အခွင့်အရေးမှာ တခြားနေရာဒေသများထက် သာလွန်သော အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ကိုရင်ငယ်လေးများ တနေ့တွင် ကမ္ဘာ့သာသနာပြုနိုင်သူ သာသနာ့အာဇာနည်များလည်း ထွက်ပေါ်လာနိုင်ပါသည်။ ထိုသို့ ထိုသို့ ရည်ရွယ်ချက်ဖြင့် ကိုရင်လေးများအား စိတ်ဓါတ်အားဖြင့်လည်း မြင့်မားလာနိုင်စေမည်ဟု ကျမယုံကြည်မိပါသည်။
ဖတ်ရှုသူအပေါင်းကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
ပို့စ်တင်သူ - ဓမ္မသာလာ

Tuesday, December 25, 2012

ကိုရင်လေးများ အိပ်ဖန်ဆောင် (တိုးတိုးကျိတ်ကျိတ် နားကိုပိတ် အိပ်လိုက်စို့မနှေး)

အခန်းငယ်ငယ် ဒို့ (၇၀) ဘယ်လိုအိပ်ရပါ့ အသံမကြားအောင် စောင်ခေါင်းမီးခြုံ လုံအောင်အိပ်လိုက်မယ် မနိုးတော့ဘူး

It is very small room, our 70 novices how to sleep well, cover myself with blanket  from head to foot it will protect from noise, it can not weak me up.

We miss our mom, we miss our village (native), forget all missing, to weak up in time at arora, hug with backet and try to sleep

မအေအလွမ်း ရွာအလွမ်း အားလုံးကိုလွမ်း အလွမ်းပေါင်းစုံမေ့ကာထားလို့ အာရုံအမှီနိုးနိုင်ရေး စောင်ချုံကွေးစို့လေး

I miss my mom, I miss my native, I miss all environment around me in past, however I try to forget all .

I have to weak up  before dawn therefore I must sleep using blanket and cover myself from head to foot.


ရည်မှန်းချက်ကြီးကြီးနဲ့ အသံမကြားစေဘို့ နားအာရုံပိတ် ကြိုတ်လိုက်မယ်ပ ဒို့ကခေဘူး

I have great ambitous, I closed my ear sense doors and I must emphasize on my study, oneday I will become  a porwee

 

 ကျမဟာ ဒီနေ့ ခရစ်စမတ်နေ့မှာ  ကျောင်းတော်ရာဆိုတဲ့ မြတ်စွာဘုရား (၇)ရက်တိုင် သီတင်းသုံးရာ ပွင့်ဖြူမြို့နယ်ကိုသွားရောက်ခဲ့ပါတယ်။ အချိန်တော်တော်များများဟာ ကားပေါ်မှာတင်ကုန်ဆုံးသွားပြီး ကျောင်းတော်ရာမှာတကယ်တန်းအလုပ်လုပ်ရတဲ့အချိန်ဟာ သိပ်နည်းခဲ့ပါတယ်။ ကျမသွားခြင်တယ်ဆိုလို့ ကျမသူငယ်ချင်း ဒေါ်ခင်မြင့်ကြည်က သူ့ကားနဲ့ ဆီအကုန်ခံ ပြီး လိုက်ပို့ပေးတာပါရှင်။ အပြန်မှာတော့ ကျမကတနေရာဝင်ဘို့ ထပ်တောင်းဆိုပါတယ်။ ဒါကတော့ ရွှေဂူကျောင်းကို ၀င်ဘို့ပါဘဲ။ အဲဒီမှာ ကိုရင်လေးတွေ အိပ်နေတာကို ဓါတ်ပုံရိုက်တင်ခြင်တယ် ဆိုလို့ ကျမဆန္ဒအတိုင်း ဖြေ့ပေးခဲ့တာပါ။ ဓါတ်ပုံကို ဒေါ်တင်တင်မာက ညမို့ ကျမမျက်လုံးကောင်းကောင်းမမြင်လို့ ကျမလိုခြင်သလို ရိုက်ပေးခဲ့ပါတယ်ရှင်။ 

မနက်ဖန် ကျမ ရေဆင်းကိုပြန်ရတော့မှာမို့ ကျမချစ်သော ကိုရင်လေးများ၊ မိဘများနဲ့ခွဲနေရပြီး ရောက်ရာ အရပ်မှာ ပျော်အောင်နေနေကြတဲ့ကိုရင်လေးများ၊ မေတ္တာငတ်မွတ်တဲ့ကိုရင်လေးများကို နောင်အနာဂတ်သာသာနာမှာ အားကိုးအားထားပြုရမဲ့ ကိုရင်လေးတွေဟာ ခလေးသဘာဝ အိပ်ကြ ဆော့ကြ တာတွေကို အရှိ အရှိအတိုင်း ရိုက်ကူးတင်လိုက်ပါတယ်ရှင်။

ကျမအား ကျမကြိုက်နှစ်သက်သလို စိတ်ကူးရှိသလို အင်တာနက်တွင် တင်ခွင့်ပြုသော ရွှေဂူကျောင်း နာယက ဆရာတော် ဦးခေမီန္ဒအား ကျေးဖူးများစွာတင်ရှိပါသည်ဘုရား။

အားလုံးသော စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်

ပို့စ်တင်သူ (ဓမ္မသာလာ-www.dhamatharlar.blogspot.com) 

Today, Chrismas of 2012, I visited to Kyaung Daw Ya Pagoda that was located in Pwint Phwe Township. Long centuries ago, Buddha was stay in that place for a week. In my mind it is noble place for me. Most of the time of that day I spent my time on the car, it take 5 hours trip from Nyaung Oo Township. In that place I have very less time to take meditation to puza Budha. Actually my frined Daw Khin Myint Kyi gave me an opportunity to fulfill of my wish to go there. When we return from Pagoda, I requested her to go Gukyaung Free Monastic Education Center. The reason was I would like to upload real sleeping novices photos. My eye sights is very poor, so Daw Tin Tin Mar took the photos regarding my guide.

Tomorrow I will be back to my work environment called Yezin, I should depart from my loving novices. The novices are as Loving kindness hungers, they live happily wherever they will be. We expected one day they will become Budha excellent followers or Monk-to-be. They will receive the responsibility of Pariratti and Pattipati sasana (3 Noble doctirns) in their hands in future.

You can see in uploaded images, they are playing, studying, sleeping as nature of childhoods,

The last I would like to say thanks so much to Chief monk of Gukyaung Free Monastic Education Center, Venerable Ashin Khemai Da to give me a chance to upload this blog feel free as I wish.

With Mett (Loving Kindness)

Bloger Dhamatharlar (www.dhamatharlar.blogspot.com)


အိပ်သူအိပ် ကစားသူကစား တီဗွီကြည့်သူကြည့် စာကျက်သူကျက်

တိုးခွေ့ကာအိပ်လိုက်မယ်ကွဲ့ ကာလနဂါး ဘယ်သူတွေအနားမှာ ဆော့ဆော့ ဒို့က တရူးရူး

Crowded and sleeping soundly as the over sleepy dragon (Kala Nagar) in Buddha stories, some kids will play noisy near us, even though we are snoring.....z.z.z.z.


ဆော့ရမယ်ဆိုရင် အိပ်ခြင်ဘူး မျက်လုံးတွေက ပြူး (သေ၇ကွင်း အရုပ်ဖြင့်ဆော့နေသောကိုရင်လေးများ)

Whenever Venerable Sayadaw(Monk) give us a chance to play, our sleepy eyes become wilder than usual that we are crazy on playing (The novices are playing with rubber bans)



လောကကြီးမှာ ဘာတွေဖြစ်နေလဲလို့ စပ်စုစိတ်နဲ့ တီဗွီကြည့်နေတဲ့ကိုရင်လေးများ

The inquisitive  novices are watching on TV and they want to know what is happening in the world. They want to upgrade their knowledge.


ဒါနပြုလုပ်ရန်တွင် မမောမပန်း သဒ္ဓါစေတနာတို့ဖြင့်

သမီးလွင်သန္တာအေးချမ်းမှ (၂၈)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ကိုရင်လေးများအား မုန့်ဟင်းခါးဆွမ်းကပ်လှူမည်ဖြစ်ပါသည်။


မမောမပန်းချက်ပြုတ်ရန်ပြင်ဆင်နေစဉ်




Monday, December 24, 2012

လှူဒါန်းနိုင်သောစာရင်း (Material list for donation)


စာသင်ဆောင်ဆောက်လုပ်ရန် လှူတန်းနိုင်ပါသည်။
၁။ ၁၀ ပေသွပ် တချပ်            ၄၅၀၀ ကျပ်
၂။ အုတ်         တဖို              ၄၀၀၀၀၀ ကျပ်
၃။ သစ်(အင်)   တတန်           ၄၈၀၀၀၀ ကျပ်
၎။ သစ်(အမာ)  တတန်           ၆၅၀၀၀၀ ကျပ်
၅။ ဘိလပ်မြေ(ဆင်) တအိပ်      ၆၀၀၀ ကျပ်
၆။ သဲ(ကား)    တစီး             ၁၅၀၀၀ ကျပ်
၇။ ထုံး(အိပ်ကြီး)  တအိပ်           ၂၇၀၀ ကျပ်
၈။ ကျောက်သေး တကျင်း        ၆၀၀၀၀ ကျပ်
လှူဒါန်းနိုင်ပါသည်။
                             ဦးခေမိန္ဒ
                             နာယကဆရာတော်၊
ရွှေဂူမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း
                             ရွှေစည်းခုံဘုရားအနီး၊ ညောင်ဦးမြို့။Mobile: 09-2043173
                             gukyaung.bagan@gmail.com


For construction of Teaching Hall
                                                          (Myanmar currency)
1.    10 feet corrugated tin sheet           4500 kyats
2.    One kiln of bricks                         400000 kyats
3.    One ton of hard wood                   480000 kyats
4.    One ton of hard wood (another kind)        650000 kyats
5.    One package of cement                6000 kyats
6.    One pit of sand                           15000 kyats
7.    One bag of Lime                         2700 kyats
8.    One big bag of small gravel(break) 60000 kyats
Your kind contribution is welcome for this noble accomplishment for Spreading of Noble Buddha’s teaching.

U Khe Main Da
Shwe Gu Orphan Teaching Centre
Gu Kyaung Monastry, Near Shwe Si Gone Pagoda
Nyaung Oo, Myanmar
Mobile:09-2043173