Tuesday, December 25, 2012

ကိုရင်လေးများ အိပ်ဖန်ဆောင် (တိုးတိုးကျိတ်ကျိတ် နားကိုပိတ် အိပ်လိုက်စို့မနှေး)

အခန်းငယ်ငယ် ဒို့ (၇၀) ဘယ်လိုအိပ်ရပါ့ အသံမကြားအောင် စောင်ခေါင်းမီးခြုံ လုံအောင်အိပ်လိုက်မယ် မနိုးတော့ဘူး

It is very small room, our 70 novices how to sleep well, cover myself with blanket  from head to foot it will protect from noise, it can not weak me up.

We miss our mom, we miss our village (native), forget all missing, to weak up in time at arora, hug with backet and try to sleep

မအေအလွမ်း ရွာအလွမ်း အားလုံးကိုလွမ်း အလွမ်းပေါင်းစုံမေ့ကာထားလို့ အာရုံအမှီနိုးနိုင်ရေး စောင်ချုံကွေးစို့လေး

I miss my mom, I miss my native, I miss all environment around me in past, however I try to forget all .

I have to weak up  before dawn therefore I must sleep using blanket and cover myself from head to foot.


ရည်မှန်းချက်ကြီးကြီးနဲ့ အသံမကြားစေဘို့ နားအာရုံပိတ် ကြိုတ်လိုက်မယ်ပ ဒို့ကခေဘူး

I have great ambitous, I closed my ear sense doors and I must emphasize on my study, oneday I will become  a porwee

 

 ကျမဟာ ဒီနေ့ ခရစ်စမတ်နေ့မှာ  ကျောင်းတော်ရာဆိုတဲ့ မြတ်စွာဘုရား (၇)ရက်တိုင် သီတင်းသုံးရာ ပွင့်ဖြူမြို့နယ်ကိုသွားရောက်ခဲ့ပါတယ်။ အချိန်တော်တော်များများဟာ ကားပေါ်မှာတင်ကုန်ဆုံးသွားပြီး ကျောင်းတော်ရာမှာတကယ်တန်းအလုပ်လုပ်ရတဲ့အချိန်ဟာ သိပ်နည်းခဲ့ပါတယ်။ ကျမသွားခြင်တယ်ဆိုလို့ ကျမသူငယ်ချင်း ဒေါ်ခင်မြင့်ကြည်က သူ့ကားနဲ့ ဆီအကုန်ခံ ပြီး လိုက်ပို့ပေးတာပါရှင်။ အပြန်မှာတော့ ကျမကတနေရာဝင်ဘို့ ထပ်တောင်းဆိုပါတယ်။ ဒါကတော့ ရွှေဂူကျောင်းကို ၀င်ဘို့ပါဘဲ။ အဲဒီမှာ ကိုရင်လေးတွေ အိပ်နေတာကို ဓါတ်ပုံရိုက်တင်ခြင်တယ် ဆိုလို့ ကျမဆန္ဒအတိုင်း ဖြေ့ပေးခဲ့တာပါ။ ဓါတ်ပုံကို ဒေါ်တင်တင်မာက ညမို့ ကျမမျက်လုံးကောင်းကောင်းမမြင်လို့ ကျမလိုခြင်သလို ရိုက်ပေးခဲ့ပါတယ်ရှင်။ 

မနက်ဖန် ကျမ ရေဆင်းကိုပြန်ရတော့မှာမို့ ကျမချစ်သော ကိုရင်လေးများ၊ မိဘများနဲ့ခွဲနေရပြီး ရောက်ရာ အရပ်မှာ ပျော်အောင်နေနေကြတဲ့ကိုရင်လေးများ၊ မေတ္တာငတ်မွတ်တဲ့ကိုရင်လေးများကို နောင်အနာဂတ်သာသာနာမှာ အားကိုးအားထားပြုရမဲ့ ကိုရင်လေးတွေဟာ ခလေးသဘာဝ အိပ်ကြ ဆော့ကြ တာတွေကို အရှိ အရှိအတိုင်း ရိုက်ကူးတင်လိုက်ပါတယ်ရှင်။

ကျမအား ကျမကြိုက်နှစ်သက်သလို စိတ်ကူးရှိသလို အင်တာနက်တွင် တင်ခွင့်ပြုသော ရွှေဂူကျောင်း နာယက ဆရာတော် ဦးခေမီန္ဒအား ကျေးဖူးများစွာတင်ရှိပါသည်ဘုရား။

အားလုံးသော စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်

ပို့စ်တင်သူ (ဓမ္မသာလာ-www.dhamatharlar.blogspot.com) 

Today, Chrismas of 2012, I visited to Kyaung Daw Ya Pagoda that was located in Pwint Phwe Township. Long centuries ago, Buddha was stay in that place for a week. In my mind it is noble place for me. Most of the time of that day I spent my time on the car, it take 5 hours trip from Nyaung Oo Township. In that place I have very less time to take meditation to puza Budha. Actually my frined Daw Khin Myint Kyi gave me an opportunity to fulfill of my wish to go there. When we return from Pagoda, I requested her to go Gukyaung Free Monastic Education Center. The reason was I would like to upload real sleeping novices photos. My eye sights is very poor, so Daw Tin Tin Mar took the photos regarding my guide.

Tomorrow I will be back to my work environment called Yezin, I should depart from my loving novices. The novices are as Loving kindness hungers, they live happily wherever they will be. We expected one day they will become Budha excellent followers or Monk-to-be. They will receive the responsibility of Pariratti and Pattipati sasana (3 Noble doctirns) in their hands in future.

You can see in uploaded images, they are playing, studying, sleeping as nature of childhoods,

The last I would like to say thanks so much to Chief monk of Gukyaung Free Monastic Education Center, Venerable Ashin Khemai Da to give me a chance to upload this blog feel free as I wish.

With Mett (Loving Kindness)

Bloger Dhamatharlar (www.dhamatharlar.blogspot.com)


အိပ်သူအိပ် ကစားသူကစား တီဗွီကြည့်သူကြည့် စာကျက်သူကျက်

တိုးခွေ့ကာအိပ်လိုက်မယ်ကွဲ့ ကာလနဂါး ဘယ်သူတွေအနားမှာ ဆော့ဆော့ ဒို့က တရူးရူး

Crowded and sleeping soundly as the over sleepy dragon (Kala Nagar) in Buddha stories, some kids will play noisy near us, even though we are snoring.....z.z.z.z.


ဆော့ရမယ်ဆိုရင် အိပ်ခြင်ဘူး မျက်လုံးတွေက ပြူး (သေ၇ကွင်း အရုပ်ဖြင့်ဆော့နေသောကိုရင်လေးများ)

Whenever Venerable Sayadaw(Monk) give us a chance to play, our sleepy eyes become wilder than usual that we are crazy on playing (The novices are playing with rubber bans)



လောကကြီးမှာ ဘာတွေဖြစ်နေလဲလို့ စပ်စုစိတ်နဲ့ တီဗွီကြည့်နေတဲ့ကိုရင်လေးများ

The inquisitive  novices are watching on TV and they want to know what is happening in the world. They want to upgrade their knowledge.


ဒါနပြုလုပ်ရန်တွင် မမောမပန်း သဒ္ဓါစေတနာတို့ဖြင့်

သမီးလွင်သန္တာအေးချမ်းမှ (၂၈)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ကိုရင်လေးများအား မုန့်ဟင်းခါးဆွမ်းကပ်လှူမည်ဖြစ်ပါသည်။


မမောမပန်းချက်ပြုတ်ရန်ပြင်ဆင်နေစဉ်




Monday, December 24, 2012

လှူဒါန်းနိုင်သောစာရင်း (Material list for donation)


စာသင်ဆောင်ဆောက်လုပ်ရန် လှူတန်းနိုင်ပါသည်။
၁။ ၁၀ ပေသွပ် တချပ်            ၄၅၀၀ ကျပ်
၂။ အုတ်         တဖို              ၄၀၀၀၀၀ ကျပ်
၃။ သစ်(အင်)   တတန်           ၄၈၀၀၀၀ ကျပ်
၎။ သစ်(အမာ)  တတန်           ၆၅၀၀၀၀ ကျပ်
၅။ ဘိလပ်မြေ(ဆင်) တအိပ်      ၆၀၀၀ ကျပ်
၆။ သဲ(ကား)    တစီး             ၁၅၀၀၀ ကျပ်
၇။ ထုံး(အိပ်ကြီး)  တအိပ်           ၂၇၀၀ ကျပ်
၈။ ကျောက်သေး တကျင်း        ၆၀၀၀၀ ကျပ်
လှူဒါန်းနိုင်ပါသည်။
                             ဦးခေမိန္ဒ
                             နာယကဆရာတော်၊
ရွှေဂူမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း
                             ရွှေစည်းခုံဘုရားအနီး၊ ညောင်ဦးမြို့။Mobile: 09-2043173
                             gukyaung.bagan@gmail.com


For construction of Teaching Hall
                                                          (Myanmar currency)
1.    10 feet corrugated tin sheet           4500 kyats
2.    One kiln of bricks                         400000 kyats
3.    One ton of hard wood                   480000 kyats
4.    One ton of hard wood (another kind)        650000 kyats
5.    One package of cement                6000 kyats
6.    One pit of sand                           15000 kyats
7.    One bag of Lime                         2700 kyats
8.    One big bag of small gravel(break) 60000 kyats
Your kind contribution is welcome for this noble accomplishment for Spreading of Noble Buddha’s teaching.

U Khe Main Da
Shwe Gu Orphan Teaching Centre
Gu Kyaung Monastry, Near Shwe Si Gone Pagoda
Nyaung Oo, Myanmar
Mobile:09-2043173

Sunday, December 23, 2012

ရွှေစည်းခုံဘုရားအနောက်ဖက် အလိုတော်ပြည့်ကျောင်းတိုက်အနီးက ဦးဇာဂရ ဂူကျောင်း



ရွှေစည်းခုံဘုရားခြေရင်းအနားမှာ ဦးဇာဂရ ဂူကျောင်းဆိုတဲ့ မုဒ်ဦးတွေရင် အဲဒါဟာ ရွှေဂူ အခမဲ့ဘုန်းတော်ကြီးပညာသင်ကျောင်းပါဘဲရှင်။ မှတ်မှတ်ရရလေး ပုဂံရောက်ရင် ၀င်လေ့လာလိုက်ကြပါဦးနော်။

Near by and foot of the Great famous Shwe Si Gone Pagoda in Nyaung Oo, you can see Ashin U Zagara's Gu Kyaung entrance (Moat) that was shown in above photo, it is Shwe Gu Free Monastic Education Center for motherless , fatherless and orphan novices. Chief Venerable U Khemai Da supports stationary and other resources to upgrade the novices lives. We are warmly welcome and invite you to visit our school when you have a chance to visit Nyaung Oo and Bagan.

အလယ်က ကိုရင်လေးက နာဂစ်မှာ မိခင်ပျောက်သွားပြီး ကားတိုက်လည်းခံထားရတဲ့ ကိုရင် ဘိုဘိုနိုင်ပါ

Middle one Novice name is Bo Bo Naing who lost his mother in Nargis storm and he was suffer illness by car accident.





သင်ကြားခြင်းနှင့်သင်ယူခြင်းသည် အနာဂတ်သာသနာအကျိုး

ပထမတန်းတွင် ပညာသင်ကြားနေသော ကိုရင်လေးများ

The novices are studying in first grade, you will see Child nature in the photo.


စတုတ္ထတန်းတွင်ဆရာပြောသည်ကိုလေ့လာမှတ်သားနေသာ ကိုရင်လေးများ

Study and note down their lectures at forth grade


စတုတ္ထတန်းတွင်ပညာသင်ကြားနေသော ကိုရင်လေးများ

The novices who study in forth grade


ပထမတန်း ဒုတိယတန်းနှင့် တတိယတန်းတွင် ပညာသင်ကြားနေသော ကိုရင်လေးများ
The novices who are studying in first, second and third grade.

ဘာကြောင့် ဒီဘလော့ကို လုပ်ဖြစ်ရတာလဲ


ဝေဘူဆရာတော်ဘုရားကြီးဟာ တရားတပုဒ်မှာ ရဟန္တာဆိုတာ ကိုရင်လေးတွေက ဖြစ်လာတာဗျ။ ခင်ဗျားတို့ကိုရင်လေးတွေကို မလေးမစားမလုပ်နဲ့လို့ ဟောကြားခဲ့ဘူးပါတယ်။ 
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ နိုင်ငံတော် အကြီးအကဲတစ်ဦးလာဂါရ၀ပြုပူဇော်တဲ့အခါမှာ စကားတခွန်းမိန့်ခဲ့ဘူးပါတယ်။

ဘုန်းကြီးအိုကြီးတွေက ပေါက်လှမှ အလွန်ဆုံး (၇၀၀)ဆုဘဲ။ အဲ ကိုရင်ငယ်လေးတွေကမှ လက်မှတ်သစ်လေးတွေကိုင်ထားတာဗျ။ သူတို့က သိန်း(၁၀၀)ဆိုလည်း ဟုတ်တယ်။ သိန်း(၂၀)ဆိုလည်း ဟုတ်တယ်။ လက်မှတ်သစ်လေးတွေဗျ လို့မိန့်ခဲ့ဘူးပါတယ်။

ဒိုများဆီသာလာတာပါ။ လမ်းတွေ့တဲ့ ကိုရင်လေးတွေတော့ ကားနဲ့တောင် ပွတ်မလို့လုပ်ခဲ့တယ်မဟုတ်လားလို့လည်း တရားတပုဒ်မှာထဲ့ဟောထားပါတယ်။

 ဒါတွေကို ကြားနာနေခဲ့ရတဲ့ကျမဟာ www.gukyaung.blogspot.com ကိုအင်တာနက်ပေါ်တင်ဘို့ဖြစ်လာတဲ့ အကြောင်းအရင်းအခြေခံဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး (၂) ပါးစလုံးဟာ အင်မတန်မှ သိက္ခာကြီးမားတဲ့ သာသနာ့အာဇာနည်ကြီးတွေဖြစ်ပါတယ်။ ဒီဆရာတော်ဘုရားကြီးတွေဟာ ကိုရင်လေးတွေဟာ အနာဂတ်မှာ သာသနာတော်မှာ တိပိကဋ် အာဂုံဆောင် မထောရ်ကြီးတွေ ဖြစ်လာနိုင်သလို ၊ ရဟန္တာမထောရ်မြတ်ကြီးတွေ သာသနာတော်ကို ပရိယတ် ပရိပတ္တ ဂုဏ်ဆောင်နိုင်သူတွေမို့ တန်ဘိုးထားရမယ်လို့ အထက်က သြ၀ါဒတွေက လှစ်ဟ ပြနေပတယ်ရှင်။

ကျမသည်ဘလော့တင်ရခြင်းအကြောင်းအရင်း တစေ့တစောင်းလေးကို မျှဝေပါရစေ။ 2012 ခုနှစ် ဧပြီလ သင်္ကြန်ပိတ်ရက်မှာ ကျမ မေမြို့ (ပြင်ဦးလွင်)အနီးစခမ်း ချမ်းမြေ့ရိပ်သာမှာ တရားအားထုတ်ပြီး မန္တလေးက နေညောင်ဦးဘက်မှတဆင့် လှည့်ပြန်ဖြစ်ခဲ့ပါတယ်ရှင်။ ရွှေစည်းခုံအနီးနားက ညောင်ဦးကားဂိတ်ရောက်တာနဲု့ ကျမ သူငယ်ချင်း ခြံမန်နေဂျာ ဒေါ်ခင်မြင့်ကြည် (အပူပိုင်းဒေသသီးနှံသုတေသန) က ကျမကိုလာကြိုပါတယ်။ သူနဲ့အတူ ကျမဟာ အခုဘလော့ရေးတဲ့ ဂူကျောင်းဆိုတဲ့ ပရဟိတ အခမဲ့ ပညာသင်ကျောင်းကို စတင် ရောက်ခဲ့ဘူးခြင်း ဖြစ်ပါတယ်ရှင်။

အဲဒီနေ့ကမိုးဖွဲဖွဲလေးရွာနေပါတယ်။ ကျမသူငယ်ချင်းရဲ့ကားပေါ်မှာ ကျမကကျန်နေရစ်ပြီး သူကတော့ ကိုရင်လေးတွေစာသင်ဘို့ဆိုပြီး ကျောင်းဆောင်တွေဘက်ကိုသွားခဲ့ပါတယ်။ အဲဒီကိုရင်လေးတွေဟာ ၂၀၁၁ ခုနှစ် ဧပြီလလောက်တည်းက ရောက်ရှိနေခဲ့သူများဖြစ်ကြပါတယ်။ သူတို့လေးတွေဟာ မိုးဗြဲ ဖယ်ခုံစတဲ့ ဒေသ တွေကလာပြီး အဲဒီဘက်မှာအလုပ်အကိုင်အခွင့်အလမ်းနည်းပါးကြတယ်။ အများအားဖြင့်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများ များပြားပြီး ဆေးစွဲသူဖခင်များ၊ ဆေးစွဲသူလူငယ်များစသည်ဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုတွေများတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့အတွက် သူတို့မိဘတွေဟာ မူးယစ်ဆေးဝါးနဲ့ ထောင်ကျသူ ထွက်ပြေးနေသူတွေများကြပါတယ်တဲ့။ သူတို့မှာ အထူးသဖြင့် အဖေတွေမရှိကြတော့ပါဘူး။ မိခင်တွေကလည်း အလုပ်အကိုင်ရယ်လို့ ကောင်းကောင်းမရှိတဲ့ အတွက် သူတို့သားသမီးလေးတွေကို မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်လာမှာကို ကြောင့်ကြစိတ်များနဲ့ တိုက်ကြီးမြို့နယ်မှ အစိုးရအသိအမှတ်ပြု  ပရဟိတကျောင်းမှတဆင့် ဂူကျောင်း (သို့)ရွှေဂူကျောင်း ပရဟိတအခမဲ့ဘုန်းတော်ကြီး စာသင်ကျောင်းလေးကိုပို့ခဲ့ရတယ်လို့ သိရပါတယ်ရှင်။

မိစုံဖစုံ လူတိုင်းနေခြင်ကြပေမဲ့ ဘ၀ပေးအနေအထားကြောင့် မိဘမစုံမလင်တဲ့ သူတို့ဘ၀လေးတွေမှာ မိခင်နဲ့နေပြန်တော့ ပတ်ဝန်းကျင်က မူးယစ်ဆေးဝါးသုံးစွဲမှုများတဲ့ ပတ်ဝန်းကျင်မို့ အတုခိုးမှား ဖခင်များကဲ့သို့ ပျက်စီးမှာစိုးလို့ မိခင်များဟာ မခွဲခြင်လည်းခွဲ။ ခွဲခြင်လည်းခွဲပြီ သားလေးတွေဘ၀ရှေ့ရေးအတွက် ပရဟိတ ကျောင်းတွေကို ပို့ထားရတဲ့အဖြစ်ဖြစ်ပါတယ်ရှင်။

အဲဒီအုပ်စုတွေထဲမှာ နာဂစ်ဘေးဒဏ်ကြောင့် မိဘတွေကဘယ်ရောက်မှန်းမသိ ညီလေးနဲ့နှစ်ယောက်သား ခြေဦးတည့်ရာထွက်ပြေးလို့ အသက်ရှင်ကျန်ရစ်တဲ့ ကိုရင်လေး (ဘိုဘိုနိုင်)လိုလည်းပါဝင်ပါသေးတယ်။ အင်မတန်မှ ချစ်စရာကောင်းတဲ့ ကိုရင်နေလင်းထက်ဆိုရင် အမိအဖဆိုတာ မမြင်မသိမကြားခဲ့တဲ့ ကိုရင်လေးဖြစ်ပါတယ်ရှင်။

ဘ၀ရဲ့ဒဏ်ရာ ဒဏ်ချက်တွေဟာ အရွယ်နဲ့မမျှပေမဲ့ သူတို့ကို ထိမ်းသိမ်းစောင့်ရှောက်မှုကောင်းတဲ့အတွက် သူတို့ဟာ ခလေးသဘာဝအတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့စာတွေကျက်မှတ်သင်ယူနေကြတာကို ကျမယခုအပတ်သွားတော့ အများကြီးတိုးတက်လာတာကိုလည်းတွေ့ရပါတယ်။ ဧပြီလမှာဆိုရင် သူတို့ဟာ တော်တော်လေးကို ခလေးသဘာဝ ညစ်တိညစ်ပတ်လေးနေထိုင်တာကိုတွေ့ရပါတယ်။ ပဒေါင်စကား၊ ကယားစကား၊ ကရင်စကားတွေနဲ့ စကားတွေကလည်း မပေါက်၊ စာသင်တော့လည်း အတက်နှေးစတဲ့ အခက်အခဲတွေအများကြီးဟာ-ယခုအချိန်မှာ သင်္ကန်းတွေကအစ သန့်သန့်ပြန့်ပြန့် ဒက်တွေလည်း ဆေးကုပေးမဲ့ အလှူရှင်တွေရှိ၊ သင်္ကန်းတွေလည်း အလှူရှင်ပေါ်လာနဲ့တော်တော် သပ်သပ် ယပ်ယပ်လေးတွေခဲ့ရပါတယ်။ ဒါပေမဲ့ စာသင်ဆောင်မပြည့်စုံခြင်း၊ အိပ်ဆောင်များမလုံလောက်ခြင်း၊ ကျန်းမာရေး ၀န်ဆောင်မှုပေးနိုင်ရန် အားနည်းနေခြင်း၊ ခလေးသဘာဝ ကိုယ်လက်ကြံ့ခိုင်မှုအတွက် ကစားစရာများ မရှိသလောက်ဖြစ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ ဘာသာရေးနှင့်ပတ်သက်သည့် သင်ထောက်ကူစာအုပ်များမှာ အပါးစေ့ငှမှု မရှိခြင်း စသည့်အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေဆဲဖြစ်ပါသည်။ ကိုရင်ငယ် (၇၀)၏ တာဝန်အလုံးစုံကို ထမ်းပိုးထားသော ဆရာတော် ဦးခေမိန္ဒကိုလည်း ကျမအနေဖြင့် အတော်ကို ချီးကျူးမိပါသည်။ ဆရာတော်သည် ကူညီမည့် သူအင်အားနည်းနည်းလေးနှင့် မနိုင်ဝန်ထမ်းဆောင်ဘိသကဲ့သို့တည်း။

တခါတွင် ဆရာတော်ထံသို့ အလှူငွေတစ်သိန်းလာလှူဒါန်းရာ ထိုအလှူငွေအား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှတဆင့် ကိုရင်လေးများ ခေါင်းတွင် ပေါက်သော ဒက်(မှိုရောဂါ)အား ဆေးကုသရန် ညှိနှိုင်းဆောင်ရွက်ချက်အရ ညောင်ဦးမြို့နယ် လူမှုဖူလုံရေးဆေးခန်းမှ ဆရာဝန်ဦးဆောင်သောအဖွဲ့သည် လာရောက်ဆေးကုသမှုပေးသွားသည်ဟုဆရာတော်မှ ရှုင်းပြပါသည်။

လောကတွင် ပြည့်လျှံနေသောအိုးအားဖြည့်ခြင်းသည် ဖိတ်စင်ပါသည်။ လိုနေသောအိုးကိုဖြည့်ခြင်းသည် အဓိပါယ်အားဖြင့် ပြည့်စုံသလို လောကကောင်းကျိုးအား တတပ်တအားဆောင်ရွက်သကဲ့သို့လည်း ရှိနေပါသည်။ ရယူလိုသဖြင့် ပေးဆပ်ခြင်းသည်လည်း စင်စစ် စင်ကြယ်မှုအပြည့်မရှိပေ။ ပေးဆပ်ခြင်း သက်သက်မျှကသာလျင် အဆင့်မြင့်သောစိတ်၊ မြင့်မြတ်သောအလှူစာရင်း မှတ်ကျောက်တင်ခံရမည် ဖြစ်ပါသည်။ မည်သူသိသိမသိသိ သာသနာကိုစောင့်သောနတ် ကိုယ်စောင့်နတ်များက အသိအမှတ်ပြုမည်သာ။

ကိုရင်လေးများသည် အနာဂါတ်သာသနာအလောင်းအလျာလေးများဖြစ်ကြပါသည်။ ရွှေဂူပရဟိတ အခမဲ့ပညာသင်ကျောင်းမှ (၄)တန်းအထိကို အတန်းစာသင်ပေးပြီး (၄)တန်းအောင်လျင် သာသနာစာပေများ ဖြစ်သော ပါဠိဘာသာအတန်းအား စတက်စေပါသည်။ ယနေ့ပင်လျင် ပါဠိသင်တန်းတက်နေသော ကိုရင်အဖွဲ့ ထဲတွင် မြန်မာရည်အနည်းငယ်လည်သဖြင့် ကျမမှတ်မှတ်ရရရှိသော ကိုရင်ဧပြီအား လိုက်ဖမ်းနေရပါသည်။

ချစ်စရာကောင်းသော အပစ်မဲ့သော ခလေးလေးများသည် အနာဂတ်သာသနာကို စောင့်ရှောက်မည့် သူများသာ တည်း။ အမွေဆက်ခံမည့်သူများတည်း။ သာသနာတော်ဆုတ်နေသောကာလတွင် သာသနာကိုလက်ဆင့်ကမ်း သယ်ဆောင်မည့် ကိုရင်လေးများကို များများစောင့်ရှောက် များများမွေးမြူထားကာမှ တန်ကာကျမဟု ကျမထင်မြင်မိပါသည်။

မပြည့်မစုံသော ခက်ခဲနေသော သူတို့လေးတွေ၏ဘ၀လမ်းကို ဖြောင့်ဖြူးစေရန် အလှူရှင်များကလည်း မိမိတို့နိုင်သလောက် ဖြည့်ဆည်းပေးနေကြပါသည်။သို့သော် ကွက်လပ်များများရှိနေဆဲဖြစ်ပါသည်။ ယနေ့ဆိုလျင်တိုက်တိုက်ဆိုင်ဆိုင်ပင် ကျမပြုလုပ်ထားခဲ့သော ယခုဘလော့လေးအား ဆရာတော်ထံပြမည် ဆိုကာ ကျမသူငယ်ချင်းမှ ကျောင်းသို့လိုက်ပို့ပေးခဲ့ပါသည်။ ကျောင်းရောက်သော် ဟော်လန်နိုင်ငံ၊

EWOUT & marjolein Streenbergen မှ မိသားစု (၅)ဦးသည် (Streenberg Family)သည် ဆရာတော်အား ဆွမ်းစားကျောင်းဆောက်ရန်အတွက် အလှူတစိတ်တပိုင်းအဖြစ် ဒေါ်လာ(၁၀၀၀)လှူဒါန်းသွားပါသည်။ ကျမပြုလုပ်ထားသော ဘလော့အားလည်း စိတ်ဝင်တစားကြည့်ရှုပါသည်။ ချိုချဉ်ပုံစံပေါင်းစုံအားလည်း ၄င်းမိသားစုမှ ကိုရင်လေးများအား ဝေငှသွားပါသည်။ အလားတူ ထို အမျိုးသမီးသည် ကျမအားလည်း ကံ ကံ၏အကျိုးဆက်အား သူမယုံကြည်ပါကြောင်း ပြောကြားသည့်အပြင်ဆရာတော်အာားလည်း လက်အုပ်ချီမိုး ဂါရ၀ပြုခြင်းများ ပြုလုပ်သည်ကို မြင်တွေ့ရသဖြင့် ကြည်နူးဝမ်းမြောက်မိခဲ့ပါသည်။ အသွေးအရောင်မခွဲသော မေတ္တာ၊ ရေမြေခြားသော်လည်း လူသားချင်းစာနာထောက် ထားသောမေတ္တာများဖြင့် လှူဒါန်းပေးကမ်းခြင်းအားလည်း ကျမအနေဖြင့် ချီးကျူးလေးစားမိပါသည်။

ယခုဘလော့သည် ကျမချစ်သော ကိုရင်ငယ်လေးများအတွက် အခမဲ့ပြုလုပ်ပေးသော ဘလော့ဖြစ်ပါသည်။ အင်တာနက်ပေါ်တွင် တင်ထားသော သူတို့ပုံလေးများအား မြင်တွေ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးသော ဘလော့လည်းဖြစ်စေလိုပါသဖြင့် သူတို့လေးတွေအား ချစ်ခင်သောစိတ် စာနာသောစိတ်ဖြင့် မေတ္တာသက် သက်ဖြင့် အင်တာနက်ပေါ်တင်ပေးထားခြင်းဖြစ်ပါသည်။

ယခုဘလော့ပြုလုပ်ရာတွင် ကျမအား လိုအပ်သောဓါတ်ပုံများအား ကျမဖုန်းထဲတွင်ပြောသည့်အတိုင်း ရိုက်ကူးထားပေးသော အပူပိုင်းဒေသ ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံမှ ခြံမန်နေဂျာ ဒေါ်ခင်မြင့်ကြည်နှင့်

 ဒေါ်တင်တင်မာ ကျမလာတိုင်း ကျမအား ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြ ကုန်သော  ညောင်ဦးခြံမှ ၀န်ထမ်းများဖြစ်သော  ဒေါ်တင်တင်မာ၊ မနီနိဝင်း၊ ဦးဝင်းစိုး၊ သော်သော်၊ ကားဆရာ ကိုဝင်းနိုင်၊ မောင်ဖိုးပွား(ဒေါ်ခင်မြင့်ကြည်၏သား) ၊ မောင်အောင်သူ၊ အန်တီချိုနှင့် ကျမအားချစ်ခင်စွာ ကူညီပေးကြသော ၀န်ထမ်းများ အလုပ်သမားများ အားလုံးအားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင်။

ဘလော့တင်သူ- ကြည်ကြည်သက် (ဓမ္မသာလာ)

email: kktstar@gmail.com

www.dhamatharlar.blogspot.com