ကျမ မြင်းခြံ ၊ ခုနှစ်၇ာခိုင်တောရကျောင်းမှာ မိမိအစီအစဉ်နဲ့ တရားသွားထိုင်ခဲ့တာ ကဆုန်လပြည့်နေ့ကစပြီး (၃)ရက်မြောက်နေ့အထိဖြစ်ပါတယ်။ နေ့ခင်း တနာရီကျော်ကျော်မှာ ညောင်ဦးကို ပြန်ရောက်ပြီး အလုပ်ကိစ္စနဲ့ ညောင်ဦးမြို့နယ်၊ ရေအရင်းအမြစ်ဌာနကိုသွားရောက်ခဲ့ပါတယ်။ အပြန်မှာတော့ ဂူကျောင်းကို ၀င်လိုက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ခြင်ထောင်တွေလာလှူတာနဲ့ ကြုံနေလို့ ဓာတ်ပုံမှတ်တမ်းတင်ရင်း သာဓုခေါ်ခဲ့ရပါတယ်။ ကျမချစ်သော ကိုရင်လေးများ မိုးလုံလေလုံမှာ စာသင်နိုင်အောင် ကျောင်းဆောက်လုပ်လှူဒါန်းပေတဲ့အလှူရှင်တွေ၊ မိမိသားများမဟုတ်သော်လည်း မိမိသားများ မက်ခြင်ကိုက်တာမကြိုက်နှစ်သက်သလို ကိုရင်လေးများကိုလည်း မက်ခြင်ယင် မကိုက်ပါစေနဲ့ လို့ မွန်မြတ်တဲ့စိတ်ထားနဲ့ ခြင်ထောင်လှူဒါန်းပေတဲ့ ယခုအလှူရှင်နဲ့အတူ ယခင်အလှူရှင်များ၏ အလှူအတန်းကိုပါ သာဓု အနုမော် ခေါ်လိုက်ရပါတယ်ရှင်။
|
အရှင်အာစာရ (ကိုးဘွဲ့ရ ဂူကျောင်းလာရောက်စဉ်က) သြ၀ါဒပေးနေပုံဖြစ်ပါတယ်။ ဆရာတော် သင်ပေးသွားတဲ့ ခလေးခလေး အထင်မသေးနဲ့ တနေ့လူကြီးဖြစ်မှာ ...ဆိုတာလေးကို ကိုရင်လေးတွေက ကျမကိုရွတ်ပြပါတယ်။
|
|
ကိုရင်လေးများနှင့် ဂူကျောင်း၏ တစ်ဦးတည်းသောဆရာတော် အရှင်ခေမိန္ဒ
|
|
ကိုရင်လေးများ မန်းရွှေစက်တော်ခရီး |
|
ကိုရင်လေးများ မန်းရွှေစက်တော်ခရီးတွင် ဆရာတော်နှင့်အတူ |
|
ဆရာတော် ဦးခေမိန္ဒ၊ ဆရာမကြီး၊ ကျမ(အညို)နှင့် ကျမအား အစစအရာရာ ပံ့ပိုးပေးသည့်အပြင် ၊ ဂုကျောင်းကိုရင်လေးများ၏ ဆရာမဟောင်းဖြစ်သော ညောင်ဦးမြို့နယ် စိုက်သုတေသန ခြံမန်နေဂျာ ဒေါ်ခင်မြင့်ကြည် ဓာတ်ပုံဟောင်းများအား ကြည့်ရှုနေစဉ် |