Thursday, February 28, 2013

Please build An Auspious Home for Kid novices

Dear All, our novices have insufficient alm meals and shelter, you can built An Auspicious Home for yourself and them as above poem.


ကိုရင်လေးများဟာ မပြည့်စုံမလုံလောက်မှုကြားမှာ ရပ်တည်နိုင်အောင်ကြိုးစားနေကြပါတယ်။ သင်တို့လည်း အပေါ်မှာဖော်ပြထားတဲ့ ဓမ္မကဗျာလေးထဲကလို မိမိအတွက်တင်မက သူတို့လေးတွေအတွက် မင်္ဂလာရှိသောအိမ်ကလေး ဆောက်ပေးကြပါလို့ တိုက်တွန်းပါတယ်ရှင်။

ပို့တင်သူ ကျမ(ကင်မရာကိုင်ထားသူ)နှင့် ကိုရင်လေးများကို မအေသဖွယ် တတ်နိုင်သမျှပြုစုပေးခဲ့တဲ့ ဒေါ်ခင်မြင့်ကြည် (ညောင်ဦး၊ စိုက်ပျိုးရေးသုတေသနခြံမန်နေဂျာ)


Monday, February 18, 2013

ဖေဖော်ဝါရီ အလည်တခေါက် ဂူကျောင်းကိုရောက်

ရွှေဂူကျောင်းမှ ကိုရင်လေးများ ဆရာတော်နှင့်အတူတွေ့မြင်ရစဉ်
 The novices in Gukyaung with Venerable Sayadaw U Khe mainda.

EWOUT & Marjolein Streembergem မိသားစုမှ 

 မှ လှူဒါန်းသောငွေများမှ ဆောက်လုပ်ထားသော ထမင်းစားဆောင်


လက်စမသတ်သေးသော ထမင်းစားဆောင်အား ရှု့ဒေါင့်တမျိုးမှ မြင်ရစဉ် Unfinished construction work of Dinning Hall was donate by
EWOUT & Marjolein Streembergem family

နံရံများ အုတ်တက်ရန်ကျန်နေပါသေးသလို၊ တံခါးများလည်း တပ်ရန်ကျန်နေပါသည်။ ခေါင်းမိုးကတော့ နဂိုရှိပြီးသားဖြစ်ပါတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ Windows and doors are need, construction work of  6 frames must construct.


အုတ်မတက်ရသေးသော ထမင်းစာဆောင် ၏ နံရံများ

အမေလွမ်းတာလဲ မသိတော့ဘူး။ သွေးမစပ်တဲ့ ညီနောင်တွေကိုလည်း ညီအကိုလိုဖြစ်နေပါပြီ။ ပတ်ဝန်းကျင်မှာလည်း နေတတ်နေပြီလေ။ ရွာကိုလွမ်းတော့ဘူး။D

ကိုရင်လေးများ မနက်ဆွမ်းခံကြွလျင် မြို့ထဲသို့ကြွရသဖြင့် ဆရာတော်မှ ကိုရင်လေးများ ဆွမ်းခံကြွရာတွင် လွယ်ကူသက်သာစေရန် ကားဖြင့် ပို့ပေးသည်ဟုသိရပါသည်။

သူက တမင်ကို ဓါတ်ပုံရိုက်ခံခြင်တာလေ။ အင်တာနက်ထဲလည်း ပါခြင်တာမို့ သူ့ကို ဓါတ်ပုံရိုက်ယူခဲ့တာပါရှင်။

Saturday, February 9, 2013

ကျေးဇူးတင်ရှိခြင်းနှင့် ကျမချစ်သော ကိုရင်လေးများ

မနေ့က ကျမဟာ ရေဆင်းကနေ နေ့ခင်း (၂)နာရီလောက် ညောင်ဦးကိုေ ရာက်ရှိလာပါတယ် ရှင်။ ရောက်တာနဲ့ ရွှေဂူုကျောင်းကို အပြေးလေးရောက်သွားပြီး Family Steenbergen တို့လှူဒါန်းထားတဲ့ အလှူလေး ပြီးဆုံးပြီးသမျှအခြေအနေလေးတွေ သိခြင်တာကြောင့် တကြောင်း ဆရာတော်ထံလည်း ကန်တော့ ကျမချစ်မြတ်နိုးတဲ့ ကိုရင်လေးတွေကိုလည်း တွေ့ခြင်တာကြောင့် တကြောင်း ရွှေဂူကျောင်းကို အိတ်ကလေးချပြီး အပြေးအလွှားလေးလာခဲ့မိပါတယ်။ ခဲလေသမျှ သဲရေကျဆိုသလို ဆရာတော်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွက် တောင်ဇင်းကို ကြွသွားတဲ့အတွက် မောပြန်လာရပါတယ်။ ဇွဲကတော့ မလျော့ပါဘူး ဒါကြောင့် နောက်တကြိမ် (၅)နာရီမှာထပ်သွားပါတယ်။ ဆရာတော်နဲ့စကားစပြီပြော ပြီး အခြေအနေတွေမေးခဲ့မြန်းခဲ့ ၊ ဓါတ်ပုံတွေလည်းရိုက်ခဲ့တယ်ပေါ့ရှင်။
စာသင်အပြီး သစ်ပင်အောက်တွင်ဆော့နေကြသော ကိုရင်လေးများ ညောင်ဦးရဲ့ပူပြင်းလှတဲ့ နေရှိန်ကြောင့် သင်္ကန်းတွေ ဘိုသီဘတ်သီဖြစ်နေတာကိုတော့ နားလည်ကြည့်ရှုပေးကြပါရှင်
နောက်တန်းက ကိုရင်လေး မိုးမိုး နဲ့ ကိုရင်ဘဦးတို့ကတော့ ကျမတို့ စိုက်သုတေသနခြံ အဖွဲ့ရဲ့ အချစ်တော်လေးများပါ
အင်တာနက်မှာ ပုံတွေတင်ပေးခြင်လို့ ဓါတ်ပုံေးလးတော့ အရိုက်ခံပါဦးဘုရားလို့ လျှောက်ထားပြိး ရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်ရှင်။ ဝေဘူဆရာတော်ဘုရားကြီးသက်ရှိထင်ရှားရှိစဉ်ကကော၊ ကျမတို့ ကြည်ညိုလေးစားတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကော ကိုရင်လေးတွေကို မလေးမစားပြောဆို ဆက်ဆံတာကို မနှစ်မြို့တော်မူပါဘူးရှင်။ ဒါကြောင့် တရိုတသေလျောက်ထားလိုက်ရပါတယ်ရှင်။